၂၅ ဇွန် ၂၀၂၁ - ၁၁:၃၅
မြန်မာ စစ်ကောင်စီ အဖွဲ့ဝင် ၈ဦးနဲ့ စစ်တပ်ပိုင် ကုမ္ပဏီ သုံးခုကို အီးယူ ထပ်တိုး အရေး ယူပိတ်ဆို့

ရွေးကောက်ခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဖြုတ်ချပြီး ဖေဖေါ်ဝါရီ ၁ရက်နေ့က စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံကိုကစဥ့်ကလျားအခြေအနေထဲ ကျရောက်စေခဲ့တဲ့ မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေကို ဥရောပသမဂ္ဂ က တတိယအကြိမ်မြောက်အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်လိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



ရွေးကောက်ခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုဖြုတ်ချပြီး ဖေဖေါ်ဝါရီ ၁ရက်နေ့က စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံကိုကစဥ့်ကလျားအခြေအနေထဲ ကျရောက်စေခဲ့တဲ့ မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေကို ဥရောပသမဂ္ဂ က တတိယအကြိမ်မြောက်အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်လိုက်ပါတယ်။


စစ်အာဏာသိမ်းပြီးကတည်းက လုံခြုံရေးတပ်ဖွဲ့တွေက အရပ်သား ၈၆၀ကျော်ကိုသတ်ဖြတ်ခဲ့ပြီး ၄၅၀၀ ကျော်ကို ဖမ်းဆီးထောင်ချခဲ့ကြောင်း ပြည်တွင်းတက်ကြွလှုပ်ရှားသူအဖွဲ့က ဖော်ပြထားပါတယ်။ အီးယူက မြန်မာစစ်ကောင်စီတာဝန်ရှိသူ ၈ဦးနဲ့ စစ်တပ်ပိုင်ကုမ္ပဏီ ၃ခုကို ထပ်တိုးအရေးယူပိတ်ဆို့လိုက်တာဖြစ်ပါတယ်။  အရေးယူပိတ်ဆို့ခံလိုက်ရသူတွေဟာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စီမံကိန်းဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ဦးဝင်းရှိန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦး၊ ဗိုလ်ချုပ်အောင်လင်းထွန်းနဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ ၈ဦးကို အရေးယူပိတ်ဆို့လိုက်တာဖြစ်ပါတယ်။


ပိတ်ဆို့အရေးယူမှုထဲမှာ ဥရောပနိုင်ငံတွေမှာရှိတဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းတာ ငွေကြေးအကူအညီမပေးတာတွေနဲ့ ခရီးသွားလာခွင့် ဖြတ်သန်းသွားလာခွင့်မပြုတာတွေပါဝင်ပါတယ်။ စစ်ပြန်စစ်မှုထမ်းဟောင်း အဖွဲ့ကိုလည်း အီးယူကအရေးယူပိတ်ဆို့တဲ့စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ ကျောက်မျက်နဲ့သစ်ထုတ်လုပ်ရေးကဏ္ဍတွေကို ပစ်မှတ်ထားပြီး ဒီအရေးယူလိုက်မှုတွေဟာ မြန်မာပြည်သူလူထု ထိခိုက်မှုမဖြစ်အောင်ရှောင်ရှား ရင်း မြန်မာနိုင်ငံရဲ့သဘာဝအရင်းအမြစ်တွေကနေ စစ်အာဏာသိမ်းအဖွဲ့ အကျိုးအမြတ်ရရှိနေတာတွေကို တင်းကျပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ် လို့ အီးယူရဲ့ထုတ်ပြန်ချက် ထဲမှာဖော်ပြထား ပါတယ်။


ဒါကြောင့် အီးယူကအရေးယူပိတ်ဆို့လိုက်တဲ့စုစုပေါင်းစာရင်းဟာ လူပုဂ္ဂိုလ် ၄၃ဦးနဲ့ ကုမ္ပဏီ ၆ခုထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဗြိတိန်ကလည်း မြန်မာကုမ္ပဏီ ၃ခုကို တနင်္လာနေ့က ထပ်မံအရေးယူပိတ်ဆို့လိုက်ပါတယ်။
Reuters သတင်းဌာနပါ “EU slaps sanctions on more Myanmar officials, state companies” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

*****************************************************************
END / 251