၂၆ ဇွန် ၂၀၂၁ - ၂၀:၃၈
မန္တလေးမြို့တွင် အကွက်မှူး တစ်ဦး ဓားထိုး ခံရပြီး သေဆုံး

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၃ လမ်း နဲ့ ၅၄ လမ်းကြား၊ ၁၂၃ လမ်း နဲ့ ၁၂၄ လမ်းကြားမှာ ဇွန်လ ၂၆ ရက် မနက်ပိုင်းက အကွက်မှူး တစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၃ လမ်း နဲ့ ၅၄ လမ်းကြား၊ ၁၂၃ လမ်း နဲ့ ၁၂၄ လမ်းကြားမှာ ဇွန်လ ၂၆ ရက် မနက်ပိုင်းက အကွက်မှူး တစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

အကွက်မှူး ဦးညိုအေး (၆၄)နှစ်ဟာ ဆိုင်ကယ်စီးနေတဲ့အချိန်  အမည်မသိ လူ ၁ ဦးက ဓားနဲ့ထိုးတဲ့အတွက် ဝဲတတောင်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်အလယ် ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ပါတယ်။

ဦးညိုအေးကို လူမှုကူညီရေးအသင်းက ဆေးခန်းပို့ဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဇွန် ၂၅ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ် ၅၉ A လမ်း၊ ၁၁၄ လမ်း မှာ USDP ပါတီဝင် တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။

*****************************************************************
END / 251