အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
အမေရိကန်တပ်ဖွဲ့တွေပြန်ရုပ်သိမ်းမှုရှိပေမယ့် အမေရိကန်ဟာ အာဖဂန်နစ္စတန်အတွက်ဆက်လက်အားပေးထောက်ပံ့မှုတွေပေးသွားမယ်ဆိုတာ ပြသတဲ့အနေနဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အာဖဂန်ေ ခါင်းဆောင်တွေဖြစ်တဲ့ အက်ရှ်ရက်ဖ်ဂါနီနဲ့ အဗ္ဗဒူလ်လာတို့နဲ့ အိမ်ဖြူတော်မှာသောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။
“အာဖဂန်နစ္စတန်နဲ့ အမေရိကန်ကြားမိတ်ဆွေဆက်ဆံရေးအဆုံးသတ်မဟုတ်ပါဘူး” လို့ဘိုင်ဒန်က ဂါနီနဲ့ အဗ္ဗဒူလ်လာတို့နဲ့စည်းဝေးပွဲအတွင်း ပြောကြားခဲ့ပါတယ်။ “အကျိုးပြုအားပေးထောက်ခံသွားမှာပါ ကျွန်တော်တို့တပ်ဖွဲ့တွေထွက်ခွာသွားပေမယ့် အာဖဂန်နစ္စတန်အတွက် ကျွန်တော်တို့ရဲ့အားပေးထောက်ပံ့မှုတွေ အဆုံးသတ်သွားမှာမဟုတ်ပါဘူး” လို့ဘိုင်ဒန်ကပြောကြားခဲ့ပါတယ်။ အာဖဂန်နစ္စတန်မှာကျန်ရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၄ထောင်ခန့်ဟာ နောက်နှစ်ပတ်အတွင်းပြန်ခေါ်သွားမှာဖြစ်သလို အမေရိကန်တွေနဲ့ ညွှန်ပေါင်းတပ်ဖွဲ့အရာရှိတွေကို ဇူလိုင် ၄ရက်နေ့လောက်မှာ အာဖဂန်နစ္စတန်ကနေပြန်လည်ခေါ်ယူသွားဖို့ စီစဉ်ထားကြောင်း AP သတင်းဌာနကဖော်ပြခဲ့ပါတယ်။
မီဒီယာရှေ့အချုပ်မှတ်ချက်ပြုပြောကြားမှုအတွင်း ဘိုင်ဒန်က ဂါနီနဲ့ အဗ္ဗဒူလ်လာတို့ကို သူတို့ရဲ့ခက်ခဲတဲ့အလုပ်တွေအတွက်ချီးကျူးစကားပြောကြားခဲ့သလို အာဖဂန်ခေါင်းဆောင်တွေကြား စည်းလုံးညီညွတ်မှုရရှိစေဖို့ သူတို့ရဲ့ကြိုးပမ်း အားထုတ်မှုတွေကိုပါ ချီးကျူးစကားဆိုခဲ့ပါတယ်။ “အာဖဂန်တွေအနေနဲ့ သူတို့အနာဂတ်ကို သူတို့လိုချင်တဲ့ပုံအတိုင်းဆုံးဖြတ်ရတော့မှာပါ။ ဒီအတွက် ကျွန်တော်တို့ရဲ့ကူညီအားပေး မှုတွေယုတ်လျော့သွားမှာတော့ မဟုတ်ပါဘူး” လို့ ဘိုင်ဒန်ကပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀အတွင်း အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေရဲ့ပေးဆပ်မှုတွေ အတွက်ေ ကျးဇူးတင်ကြောင်း ဂါနီကပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်ကနေ အမေရိကန်နဲ့ညွှန်ပေါင်းတပ်ဖွဲ့ဝင်တွေ ပြန်ရုပ်သိမ်းသွားမဲ့နောက်ဆုံးနေ့ကို နယူးယောက်နဲ့ဝါရှင်တန်ဒီစီကို အလ်ကိုင်ဒါတိုက်ခိုက်မှုပြီးနောက် အမေရိကန်ရဲ့ကျူးကျော်စစ် ၂၀နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်တဲ့ စက်တင်ဘာ ၁၁ရက်နေ့မှာ ပြန်ရုပ်သိမ်းဖို့ ဘိုင်ဒန်ကစီစဉ်ထားပါတယ်။ အဓိကကျတဲ့အမေရိကန်စစ်ဘက်ဆိုင်ရာတွေ ပြန်လည်ရုပ်သိမ်းပြီးနောက် ကဘူးလ်မြို့မှာ အမေရိကန်နဲ့ နိုင်ငံတကာသံတမန်တွေလုံခြုံရေးအတွက် အာဖဂန်နစ္စတန်မှာ အမေရိကန်စစ်သား ၆၅၀ ခန့်ထားရှိသွားမှာဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက AP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “Biden pledges US support to embattled Afghanistan leasders” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာ သို့ဆီလျော်အောင်ပြန်ဆိုသည်။
*****************************************************************
END / 251