၇ ဇူလိုင် ၂၀၂၁ - ၁၈:၃၉
ဗိုလ်ချုပ်ကြီး ယွက်စစ် ကို PPST ယာယီ အဖွဲ့ခေါင်းဆောင် အဖြစ် မှ နုတ်ထွက် ခွင့်ပြု

အန်စီအေလက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်ကို တာဝန်မှ နုတ်ထွက်ခွင့်ပြုလုပ်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် နိုင်အောင်မင်း ကတာဝန်ယူမှာဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အန်စီအေလက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်ကို တာဝန်မှ နုတ်ထွက်ခွင့်ပြုလုပ်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ်  နိုင်အောင်မင်း ကတာဝန်ယူမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခက်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေရဲ့   ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တာဝန်ကနေ ဗိုလ်ချုပ်ကြီးယွက်စစ်က  နုတ်ထွက်ခွင့်တင်ခဲ့တာကို အဲဒီအဖွဲ့ရဲ့ ၁၇ ကြိမ်မြောက်အစည်းအဝေးကနေ သဘောတူခဲ့ပြီး နုတ်ထွက်ခွင့်ကို ပြုလိုက်တာပါ။

၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်ကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

NCA လက်မှတ်ထိုးထားတဲ့  တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ရဲ့ စတုတ္ထအကြိမ်မြောက်ထိပ်သီးအစည်းအဝေး ဒုတိယပိုင်း ပြီးမြောက်တဲ့အထိ  အဖွဲ့ခေါင်းဆောင်အဖြစ်  နိုင်အောင်မင်း ကတာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ ဗိုလ်မှူးကြီး စိုင်းငင်းတို့က တာဝန်ယူမှာဖြစ်ပါတယ်။

NCA စာချုပ်ရဲ့အနှစ်သာရကို အခြေခံပြီး ပြည်ထောင်စုအတွင်း ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကြပ်အတည်းကို ပြေလည်စေရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း တိုင်းရင်းသားခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

***********************************************************************
END / 251