၉ ဇူလိုင် ၂၀၂၁ - ၀၉:၀၀
 ဟုမ္မလင်း မြို့နယ် တွင် COVID-19 ‌ရောဂါပိုး ကြောင့် သေဆုံးလူနာ ၆ ဦးအထိ ရှိလာပြီး ကုသမှု ခံ ယူနေဆဲ လူနာ စုစုပေါင်း ၃၃၁ ဦး အထိရှိ နေကြောင်း သိရ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ဇူလိုင် ၈ ရက်နေ့စာရင်းအရ ဟုမ္မလင်းမြို့နယ်တွင် COVID-19 ‌ရောဂါပိုးကြောင့် သေဆုံးလူနာ ၆ ဦးအထိရှိလာပြီး ကုသမှုခံယူနေဆဲလူနာ စုစုပေါင်း ၃၃၁ ဦးအထိရှိနေကြောင်း ဟုမ္မလင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် COVID-19 ရောဂါပိုးတွေ့လူနာများ စစ်ဆေးတွေ့ရှိမှုအခြေအနေစာရင်းမှ ဖော်ပြချက်အရ သိရသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ဇူလိုင် ၈ ရက်နေ့စာရင်းအရ ဟုမ္မလင်းမြို့နယ်တွင် COVID-19 ‌ရောဂါပိုးကြောင့် သေဆုံးလူနာ ၆ ဦးအထိရှိလာပြီး ကုသမှုခံယူနေဆဲလူနာ စုစုပေါင်း ၃၃၁ ဦးအထိရှိနေကြောင်း ဟုမ္မလင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် COVID-19 ရောဂါပိုးတွေ့လူနာများ စစ်ဆေးတွေ့ရှိမှုအခြေအနေစာရင်းမှ ဖော်ပြချက်အရ သိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် COVID-19 ရောဂါပိုးတွေ့ရှိလူနာများစစ်ဆေးတွေ့ရှိမှုစာရင်း၏ ဇူလိုင် ၈ ရက်နေ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၈ ရက်နေ့တွင် COVID-19 ပိုးတွေ့ရှိသူထပ်တိုးလူနာ ၅၅ ဦးဖြစ်ပြီး စုစုပေါင်းလူနာ ၄၉၈ ဦးတွင် ဆေးရုံဆင်းလူနာ ၁၆၁ ဦး၊ ကုသမှုခံယူနေဆဲလူနာ ၃၃၁ ဦးနှင့် သေဆုံးလူနာ ၆ ဦးရှိကြောင်း ဖော်ပြထားသည်။

ဟုမ္မလင်းမြို့နယ်အတွင်းမှ COVID-19 ရောဂါပိုးတွေ့လူနာများကို ဟုမ္မလင်းမြို့ကုတင် ၁၀၀ သီးသန့်ကုသဆောင်၊ ဆည်မြောင်းသီးသန့်ကုသဆောင်၊ ကောလိပ်သီးသန့်ကုသဆောင်နှင့် အခြားသီးသန့်ကုသဆောင်များတွင် ထားရှိကုသနေကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်း COVID-19 ရောဂါပိုးတွေ့လူနာများတွင် ဟုမ္မလင်းမြို့ပေါ်တွင်သာမက ကျေးရွာငယ်များ၌ပါ ပိုးတွေ့လူနာအများအပြားတွေ့ရှိနေရကြောင်းနှင့် COVID-19 ရောဂါပိုးတွေ့လူနာများတွင် တရားခံ ၁၄ ဦးပါဝင်နေကြောင်းလည်း ထိုစာရင်းတွင် ဖော်ပြထားသည်။



****************************************************************

END / 251