အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မနေ့ မှစ၍ ယနေ့ ဇူလိုင်လ ၉ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူအသစ် ၁၆၅၉၆ ဦး ဖြစ်ပြီး ၊ ၎င်းတို့ မှ ၁၇၅၉ ဦး မှာ ဆေးရုံတက် နေရပြီး ၊ စုစုပေါင်း ရော ဂါသည်မှာ ၃၃၄၄၁၂၂ ဦး ရှိ သွား ပြီး ဖြစ်ပါတယ်။
ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄ နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၁၄၆ ဦး အလ္လာဟ် ဟို အရှင်မြတ်အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်း အလ္လာဟ် ဟို အရှင်မြတ် ခံသွားသူဦးရေမှာ ၈၅၅၄၃ ဦး ဖြစ်ကြောင်း သိရှိရပါတယ်။
ကံကောင်းထောက်မစွာဖြင့် ယခုအချိန်အထိ ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များမှ ၂၉၉၅၁၉၅ ဦးပြန်လည်ကောင်းမွန် သွားပြီး (သို့မဟုတ်) ဆေးရုံ မှဆင်းသွားပြီး ဖြစ်ပါတယ်။
၃၅၀၆ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ဆေးရုံတက် ၍ အထူး ကြပ်မတ် စောင့်ရှောက် ကုသမှုကိုခံယူလျက် ရှိနေပါတယ်။
လက်ရှိ အခြေအနေ အထိ အီရန် တစ်နိုင်ငံလုံး တွင် ၂၄၃၅၈၈၇၂ ဦးအား ကိုရိုနာ ရောဂါ ရှိ မရှိ စိစစ် သွား ပြီး ဖြစ် ပါတယ်။
****************************************************************
END / 251