၁၁ ဇူလိုင် ၂၀၂၁ - ၁၉:၂၁
 ပုလဲ မြို့နယ်တွင် စစ် ကောင်စီတပ်နှင့် P-PDF တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုံတောင်ပုံညာနားမှာ စစ်ကောင်စီတပ်နဲ့ ပုလဲ ပြည်သူ့ကာကွယ်ရေးတပ် P-PDF တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁ ယောက်သေ၊ ၅ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုံတောင်ပုံညာနားမှာ  စစ်ကောင်စီတပ်နဲ့  ပုလဲ ပြည်သူ့ကာကွယ်ရေးတပ် P-PDF တို့  တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁ ယောက်သေ၊  ၅ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

မနေ့က ၅၆ မိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်တပ်တွေ အောက်အဆင်းမှာ ဒီမနက် ၁၀ နာရီလောက်က တိုက်ပွဲ ဖြစ်တာလို့ ဒေသခံတယောက်က ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ P-PDF တွေ ဆုတ်ခွာခဲ့ပြီး စစ်တပ်ဟာ အဲဒီနေရာမှာပဲ ရှိနေသေးတယ်လို့လည်းသိရပါတယ်။

****************************************************************

END / 251