၁၁ ဇူလိုင် ၂၀၂၁ - ၁၉:၂၃
မန္တလေးမြို့ တွင် လျှပ်စစ် မီတာဖတ် ဝန်ထမ်း တစ်ဦး သေနတ် ပစ်ခတ် ခံရပြီး သေဆုံး မှုဖြစ်ပွား

မန္တလေးမြို့တွင် လျှပ်စစ်မီတာဖတ်ဝန်ထမ်းတစ်ဦး ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန္တလေးမြို့တွင် လျှပ်စစ်မီတာဖတ်ဝန်ထမ်းတစ်ဦး ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ သင်္ဂဇာချောင်း အနောက်ဘက်တွင် ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီကျော်ခန့်က မဟာအောင်မြေမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုလက်ထောက်ကြီးကြပ်ရေးမှူး(မီတာဖတ်စာရေး)တစ်ဦးဖြစ်သူသည် နေအိမ်မှရုံးသို့သွားရောက်ရန်အတွက် ဆိုင်ကယ်မောင်းနှင်လာစဉ် အမည်မသိလူနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ဘေးချင်းယှဉ်ပြီး သေနတ်ဖြင့်ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ သေနတ်ပစ်ခတ်ခံရမှုကြောင့် လျှပ်စစ်မီတာဖတ် ဝန်ထမ်းဖြစ်သူမှာ ဝဲဘက်နောက်ကျောနှင့်ယာဘက်ရင်ညွန့်တို့ ကျည်ပေါက်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့၏မှတ်တမ်းများအရ သိရသည်။

အဆိုပါ လျှပ်စစ်မီတာဖတ်ဝန်ထမ်း သေနတ်ပစ်ခတ်ခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ကနဦးအမှုဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လျှပ်စစ်ဝန်ထမ်းတစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူများကို သက်ဆိုင်ရာမှ ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျက်ရှိကြောင်းလည်း သိရသည်။
****************************************************************

END / 251