၁၅ ဇူလိုင် ၂၀၂၁ - ၁၉:၂၆
အမီးရွလ်မိုအ်မေနီ မောင်လာလီ (အ.စ) အား စုပေါင်း၍ အချစ် မထား သည့် အတွက် ဂျဟန္နမ်ငရဲဘုံ ကို ဖန်ဆင်း

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ်တော် တစ်ခု တွင် အမီးရွလ်မိုအ် မေနီ မောင်လာလီ (အ.စ) အား စုပေါင်း၍ အချစ် မထားသည့် အတွက် ဂျဟန္နမ်ငရဲဘုံ ကို ဖန်ဆင်း ရကြောင်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် ဖေရ်သိုစ် ကျမ်းလာရှိမှု ကို တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

 

قال رسول اللہ صلی الله علیه و آله و سلم :

لَوِ إجتَمَعَ الناسُ عَلی حُبِّ عَلِیّ بنِ ابی‌طالبٍ لَما خَلَقَ اللهُ النارَ!.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

အကယ်၍ ရှိသမျှ လူခမ်းတို့သည် အလီ အစ်ဗ်နေအဘီ သွာလစ်ဗ် (အ.စ) ၏ အချစ်တွင် စုပေါင်းကြမည် ဆိုလျင် (တစ်နည်းအားဖြင့် လူခပ်သိမ်းအပေါင်း ဟဇရသ် အလီ (အ.စ) အားအချစ်ထားမည်ဆိုလျင်) အလ္လာဟ်ဟို အရှင်မြတ် သခင်သည် ဂျဟန္နမ် ငရဲမီး ကို ဖန်ဆင်းမည် မဟုတ်ချေ။

ကျမ်းကိုး ။ဖေရ်သိုစ် ကျမ်း၊အတွဲ ၃ ၊ စာမျက်နှာ ၇၃၇

 

***************************************

END / 251