အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးတိုင်းဒေသကြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလို့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။
ဦးမောင်ကိုဟာ ဇူလိုင် ၂၁ ရက် မွန်းလွဲ ၃ နာရီလောက်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ရောက်ရှိခဲ့ကာ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပြီး ခွဲစိတ်ကုသဆောင်၂ ၊ ကုတင်အမှတ် - ၁ မှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ကိုဗစ်ရောဂါ ပိုးတွေ့နှုန်း သိသိသာသာများလာတဲ့အပြင် ကိုဗစ်နဲ့ သေဆုံးသူဟာ တစ်ရက်ကို အယောက် ၁၀၀ လောက်ရှိတယ်လို့ ပရဟိတ အသင်းတွေဆီကနေ သိရပါတယ်။
****************************************************************
END / 251
၂၁ ဇူလိုင် ၂၀၂၁ - ၁၈:၄၂
News ID: 1162094
မန္တလေးတိုင်းဒေသကြီး စစ်ကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရလို့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ နီးစပ်သူတွေ ဆီကနေ သိရပါတယ်။