အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ နိုင်ငံခြားသားတွေကို အွမ္မရာဟ် ဘုရားဖူးခွင့်ပြုမယ်လို့ ဆော်ဒီအာရေဗျက ဒီကနေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။
နိုင်ငံခြားသားတွေဟာ ဩဂုတ်လ ၉ ရက်နေ့က စတင်ပြီး လျှောက်ထားနိုင်မှာပါ။ ပထမပိုင်းမှာ တစ်လကို လူပေါင်း ၆ သောင်း အွမ္မရာဟ်ပြုခွင့်ပေးမှာဖြစ်ပြီး နောက်ပိုင်းမှာ တစ်လ ၂ သန်းအထိ တိုးမြှင့် ခွင့်ပြုပေးမယ်လို့ ဆော်ဒီ ဟဂ်ျနှင့် အွမ္မရာဟ်ရေးရာ ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ဆော်ဒီက နိုင်ငံခြားသား ဘုရားဖူးခရီးသည်တွေကို ဝင်ခွင့်မပြုတာ ၁၈ လရှိသွားပြီ ဖြစ်ပါတယ်။
အွမ္မရာဟ်ပြုခွင့် လျှောက်ထားရာမှာ နိုင်ငံခြားသားတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်ကို တစ်ပါတည်း တင်ပြရမှာဖြစ်ပါတယ်။ ဆော်ဒီအာရဗျက ကိုဗစ်ကြောင့် ပြည်ဝင်ခွင့်ပိတ်ထားတဲ့ နိုင်ငံတွေက ကာကွယ်ဆေးထိုးပြီးသား လူတွေဟာ ရောက်ရောက်ချင်း ကွာရန်တင်း ဝင်ရမှာပါ။
ဆော်ဒီဟာ ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ်ကတည်းက အွမ္မရာဟ်ဘုရားဖူးခွင့် ပိတ်ထားရာကနေ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပြည်တွင်းက ကာကွယ်ဆေးထိုးပြီးသားသူတွေအတွက် ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်နဲ့ အခုနှစ် ဟဂ်ျတို့ကို ဆော်ဒီက နိုင်ငံအတွင်းမှာရှိနေတဲ့ လူအနည်းငယ်ကိုသာ ခွင့်ပြုခဲ့ပါတယ်။
****************************************************************
END / 251
၈ ဩဂုတ် ၂၀၂၁ - ၁၈:၁၁
News ID: 1167706
ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ နိုင်ငံခြားသားတွေကို အွမ္မရာဟ် ဘုရားဖူးခွင့်ပြုမယ်လို့ ဆော်ဒီအာရေဗျက ဒီကနေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။