၈ ဩဂုတ် ၂၀၂၁ - ၁၉:၂၈
ဟောင်ဇေအေလ်မီယေ ကွမ်း ၏ အကျော်အမော် ဆရာ အာယာသွ လ္လာဟ် ဆရက်ဒ်အာဒေလ် အလဝီ အလ္လာဟ်အမိန့်တော် ခံယူ

ဟောင်ဇေအေလ်မီယေ ကွမ်း ၏ အကျော်အမော် ဆရာ အာယာသွလ္လာဟ် ဆရက်ဒ်အာဒေလ်အလဝီ သည် သြဂုတ်လ ၇ ရက်နေ့ တွင် ကိုရိုနာ ရောဂါကြောင့် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် ခံယူ သွားကြောင့် ဝမ်းနည်းစွာ သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟောင်ဇေအေလ်မီယေ ကွမ်း ၏ အကျော်အမော် ဆရာ အာယာသွလ္လာဟ် ဆရက်ဒ်အာဒေလ်အလဝီ သည် သြဂုတ်လ ၇ ရက်နေ့ တွင် ကိုရိုနာ ရောဂါကြောင့် သက်တော် ၆၇ နှစ် တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော် ခံယူ သွားကြောင့် ဝမ်းနည်းစွာ သိရှိရပါတယ်။

အာယာသွလ္လာဟ် ဆရက်ဒ်အာဒေလ်အလဝီ သည် ခရစ်သက္ကရာဇ် ၁၉၅၄ ခုနှစ် အီရတ် နိုင်ငံ ကာစမှိုင်း မြို့ တွင် မွေးဖွားခဲ့ပါတယ်။ အာယာသွလ္လာဟ် ၏ ဖခင်မှာဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အလီ ဗင် အလ်ဟိုစိန်အလဝီ ဖြစ်ပါတယ်။ ၎င်းသည် ကာစမှိုင်း ၊ နဂျဖ် ၊ဘဂ္ဂဒတ် ရှိ အကျော် အမော် အိုလမာ မှ တစ်ပါး ဖြစ်ပါတယ်။

အာယာသွလ္လာဟ် ဆရက်ဒ်အာဒေလ်အလဝီ သည် နဂျဖ်ဖေအရှ်ရဖ်မြို့ တွင် သာသနာ ပညာ ဆည်းပူး ပြီးနောက် ဆဒန်မ် ဟိုစိန် အစိုးရ၏ မတရားနှိပ်စက်၊ ရက်စက်ယုတ်မာ မှု ကြောင့် ကွမ်းသို့ ခရီး ထွက်ခဲ့ပါတယ်။

အာယာသွလ္လာဟ် ဆရက်ဒ်အာဒေလ်အလဝီ အနေဖြင့် အာယာသွလ္လာဟ် အလ်အွဇ်မာမရ်အရှီနဂျဖီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဂိုလ်ဗိုင်ဂါနီ ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်္ခ ဂျဝါဒ် သဗ်ရေဇီး နှင့် အာယာသွလ္လာဟ် အလ်အွဇ်မာ ဖွာစေလ်လန်ကရာနီ တို့ ၏ အတန်းများ တွင် တက်၍ အဆင့်မြင့် သာသနာပညာကို သင်ယူခဲ့ပါတယ်။

ပြီးနောက် အာယာသွလ္လာဟ် ဆရက်ဒ်အာဒေလ်အလဝီ အနေဖြင့် ဟောင်ဇေအေလ်မီယေ ကွမ်း တွင် စာစာပြီးသင်ပေးသည်အလုပ် ကို လုပ်ခဲ့ပါတယ်။ ဤအလုပ်အားနောက် ဆုံး ထွက်သက် အထိ ထမ်းဆောင်ခဲ့ပါတယ်။

အာယာသွလ္လာဟ် ဆရက်ဒ်အာဒေလ်အလဝီ အနေဖြင့် စာသင်ပေးကြားသည့် အလုပ်အပြင် စာအုပ်များလည်းရေူသားသီးကုံးခဲ့ပါတယ်။ပြီးနောက် အီရန် နိုင်ငံ နှင့် အီရတ် နိုင်ငံရှိ ဗလီ၊ အေမာမ်ဘာရာ နှင့် သာသနာ့ကျောင်း များစွာကို ထူထောင်ခဲ့သူတည်ဆောက်ပေးခဲ့သူ ဖြစ်ပါတယ်။

 

****************************************************************

 

END / 251