အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက် မြို့နယ်စက်မှုလက်ယာရုံးဝန်း အတွင်းမှ ပေါက်ကွဲသံကျယ်လောင်စွာကြားပြီး ရုံးတစ်ရုံး မီးလောင်မှု ယမန်နေ့ညကဖြစ်ပွားခဲ့သည်။
သြဂုတ် ၁၀ ရက် ည ၈ နာရီ ၁၅မိနစ် ခန့်တွင် မီးစတင်လောင်ကျွမ်းပြီး မီးသတ်တပ်ဖွဲ့ဝင်များက ငြိမ်းသတ်ရာ ည ၁၀ နာရီခန့် တွင် မီးငြိမ်းသွားခဲ့သည်။
မီးငြိမ်းသတ်ရန် အကူအညီပေးလိုသူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ဖောက်ဟန့်တားခဲ့ကြောင်း ဒေသခံများကပြောသည်။
"မီးလောင်နေတာကိုသွားကူတဲ့ ပြည်သူတွေထွက်ပြေးရတယ်။လိုက်ဖမ်းတယ်လဲကြားတယ်။ တချို့လဲမိတယ်လဲပြောတယ်။သတင်းတော့မတိကျသေးဘူး။ခုထိတော့ရပ်ကွက်ထိပ်မှာ သူတို့၂၀ ယောက်လောက် လှည့်နေသေးတယ်" ဟု ည၁၁နာရီခန့်က အခြေအနေကို ဒေသခံတစ်ဦးက ပြောသည်။
################################
END / 251
၁၁ ဩဂုတ် ၂၀၂၁ - ၁၉:၂၇
News ID: 1168836
ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက် မြို့နယ်စက်မှုလက်ယာရုံးဝန်း အတွင်းမှ ပေါက်ကွဲသံကျယ်လောင်စွာကြားပြီး ရုံးတစ်ရုံး မီးလောင်မှု ယမန်နေ့ညကဖြစ်ပွားခဲ့သည်။