၁၉ ဩဂုတ် ၂၀၂၁ - ၁၉:၂၅
ကျမ်းတော်မြတ် ကုရ်အာန် သည် ခြုံငုံ၍ လမ်းညွှန် ပါသည်

မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် မစ်ဇ်ဗဟ် ယဇ်ဒီ ၏ တင်ပြချက်များ မှကျမ်းတော်မြတ် ကုရ်အာန် သည် ခြုံငုံ၍ လမ်းညွှန် ပါသည် ဆိုသည့် ကဏ္ဍ လေးကို ကောက်နုတ် တင်ပြခြင်းဖြစ် ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

          ရိုးရိုး သာမန် အမြင်အရ ကျမ်းတော်မြတ်ကုရ်အာန် သည် ပြဿနာကို ဖြေရှင်းပေး သည့် ကျမ်း ကဲ့ပမာ ရှိသမျှ တစ်ဦးချင်းဆိုင်ရာ နှင့်အများ နှင့်ဆိုင်ရာ အခက်အခဲများ တစ်ခု ချင်းစီ တင်ပြပြီး အစီအစဉ်အလိုက် ဖြေရှင်းနည်းကို လည်း ရှင်းပြတင်ပြရမည်ဟု မျှော်လင့် ချက် ထားခြင်းသည် သဘာဝမကျချေ။ကျမ်းတော်မြတ်ကုရ်အာန် သည် မနုဿလူသားများ၏ ထာဝရကံကြမ္မာ နှင့်သက်ဆိုင်ပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် ၏ ရည်ရွယ်ချက်မှာ လောကီ နှင့် လောကုတ္တရာ တွင် မနုဿလူသား အား အောင်မြင်ရန်နှင့် လွတ်မြောက်ရန် ဖြစ်ပါသည်။ ဤနည်းအား ဖြင့် ကျမ်းတော်မြတ် ကုရ်အာန် သည် ကျွန်ုပ်တို့ အား အဓိက လမ်း နှင့် သာမည လမ်းများ ညွှန် ကြားပြသပါသည်။ ၎င်းပြညွှန်ထားသည့် အပေါ်လျှောက် လှမ်း ပြီး ကျွန်ုပ်တို့ အောင်မြင်သည့် ဘဝကို တည်ဆောက်နိုင်ပါသည်။ ဤခြုံငုံ လမ်းညွှန် မှု သည် လျှောက်လှမ်းသူကို ရှေ့ သို့ မီးမောင်းထိုးပြသည့် ဆီးမီးခွက် ပမာ ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ အနေဖြင့် လောကီ နှင့်လောကုတ္တရာ ၏ အောင်မြင်မှု ကို ဆွတ်ခူးနိုင်ရန် အတွက် အခက်အခဲများ ကို ဖြေရှင်းနိုင်ဖို့ ခေတ်မီတိုး တက်မှု နှင့်အတူ ဘာသာရေး ကိုင်းရှိုင်းပြီး အစ္စလာမ်မီ အသိုင်းအဝိုင်း ၊ အစ္စလာမ်မီ ပတ်ဝန်းကျင် တည်ဆောက် ဖြစ်တည်လာနိုင်ဖို့ အလ္လာဟ်အရှင်မြတ်အနေဖြင့် မနုဿ လူသား အား (၁) ဘာသာ နှင့် (၂) အသိဥာဏ် ဆိုသည့် အမှီသဟဲ နှစ်ခုအား ပေးသနား ထားသည်ကို ဂရုပြု ဖို့ လိုအပ်ပါသည်။

          ကျမ်းတော်မြတ်ကုရ်အာန် သည် မနုဿလူသား ၏ တိုးတက်မှု နှင့် ဖွံ့ဖြိုးမှု အတွက် အဓိက လမ်းကို မီးမောင်းထိုးပြနေပါသည်။ အစ္စလာမ်မီ အသိုင်းအဝိုင်း ၏ တာဝန် ဝတ္တရား မှာ စဉ်းစားတွေခေါ် ဆင်ခြေ ပြီး မနုဿလူသား၏ ပညာပိုင်းဆိုင်ရာ အတွေ့အကြုံများကို အသုံးပြုပြီး ကျမ်းတော်မြတ်ကုရ်အာန် ၏ ရည်ရွယ်ချက်များ ကို အကောင်အထည် ဖော်နိုင် ရန် အတွက် ရှေးပြေးကို ဖန်တီး ရပါမည်။ ကျမ်းတော်မြတ် ကုရ်အာန် သည် အခြား သူများ (ခ) မွတ်စလင်မ်မဟုတ်သူများ ပညာပိုင်း ဆိုင်ရာ အတွေ့ အကြုံများကို အသုံးပြုရန် မတား မြစ် ထားချေ။ ထိုပြင် ကျမ်းတော်မြတ် ကုရ်အာန် သည် ပညာအား အလ္လာဟ်ဟို အရှင်မြတ် ၏ အမာနသ် (ခ) ယုံပုံအပ်ထားသည့် အရာ အဖြစ် လက်ခံထားပါသည်။ မွတ်စလင်မ် များ ကို ၎င်းကို သင်ယူရန် တိုက်တွန်းထားပါသည်။

          မဟာတမန်တော်မြတ် (ဆွ) မှ ပညာများကို ဆည်းပူးရန် အတွက် မွတ်စလင်မ်များ ကို အားပေးအားမြှောက် ပြု၍ မိန့်တော်မူထားပါသည်။

اُطْلُبُوْا العِلمَ وَ لَو بِالصِّیْنِ

ပညာကို သင်ယူဆည်းပူးပါလေ။ ပြီးနောက် အခြားသူများ၏ ပညာဆိုင်ရာ အတွေ့အကြုံများ ကို အသုံးပြုပါလေ။ ယုတ်စွာ အဆုံး ဤရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် အတွက် ရှည်လျားသည့် လမ်းကို လျှောက်လှမ်းလျင် လျှောက်လှမ်းရပါစေ လျှောက်လှမ်းရပါ မည်။[1]

သို့သော် ယနေ့ ပညာဆိုင်ရာ ကမ္ဘာနှင့်ဆယ်သွယ်မှု ပြုရန် အလွန်တရာ ရှုပ်ထွေးလှ ပါ သည်။ပြီးနောက် မောက်မာသည့် အင်အားကြီးနိုင်ငံများ၊ နှင့် နယ်ချဲ့နိုင်ငံများမှ လှည့်ဖျား နည်းမျိုးစုံ နှင့်နည်းပညာဆိုင်ရာ ကိရိယာအမျိုးမျိုး၊ စီးပွားရေးအရ ပြီးနောက် အနှစ်ချုပ် အားဖြင့် လူသားများ ၏ ပညာ ဆိုင်ရာ အတွေ့အကြုံများ မှ ရရှိလာသည့် ရှိသမျှကိရိယာများ ကိုအသုံးပြု၍ အခြားသူများ အပေါ် ချုပ်ကိုင် နိုင်ရန် နယ်ချဲ့မှုဆက်သွယ်ရေးများ ကို အားကောင်း လာရန် ကြိုးစားလာပါသည်။ သို့သော်ကျွန်ုပ် တို့၏ တာဝန် ဝတ္တရားမှာ အလွန် ပါးနပ်လိမ္မာစွာဖြင့် မိမိတို့၏ အစ္စလာမ်မီ နှင့်ကျမ်းတော်မြတ်ကုရ်အာန် ၏ ရည်ရွယ်ချက်များ မှအနည်းငယ်မျှပင်နောက်မဆုတ်ဘဲ ထောင့်စုံဘက်စုံ မှ လူသားဆိုင်ရာပညာများ၏ရလာဒ် များ ကို အသုံးပြု၍ လူထု၏ စီးပွားရေး အခြေအနေ များ ကောင်းမွန်လာအောင် ပတ်ဝန်းကျင်၏ အခက်အခဲများကို ဖယ်ရှားနိုင် အောင် ဆောင်ရွက် ရပါမည်။

ဤအတွက်ကြောင့် ကျမ်းတော်မြတ် အနေဖြင့် မနုဿ လူသား၏ ဘဝဆိုင်ရာ အခက်အခဲ အသေးဖြစ်စေ အကြီးဖြစ်စေ အခက်အခဲအားလုံးကို တစ်ခုချင်းစီ မတင်ပြ ထားခြင်း ဖြစ်ပါသည်။ သို့သော် ကျမ်းတော်မြတ်ကုရ်အာန် မှ မနုဿလူသား၏အောင်မြင်မှု နှင့်တိုးတက်မှု အတွက် အဓိက နှင့် သာမည နည်းလမ်းများ တင်ပြထားပါသည်။ မွတ်စလင်မ် များ ကို ၎င်းဘက်သို့ ညွှန်ပြနေပါသည်။ ဤကဏ္ဍတွင် ကျမ်းတော်မြတ် ဝေဒနာ ရောဂါငြိမ်းကြောင်း နှင့် ပတ်သက်ပြီး ဟဇရသ် အလီ (အ.စ) ၏ မိန့်မှာချက်ကို တင်ပြရင် ကျမ်းတော်မြတ်ကုရ်အာန် ၏ ခြုံငုံ၍ လမ်းညွှန်သည့် နည်းလမ်းများ မှ တစ်ခု ဘက်သို့ ညွှန် ပြနေပါ သည်။ နမူနာ အားဖြင့် ၎င်းကို ရှင်းလင်းပြနေပါသည်။

 

ကျမ်းတော်မြတ် ကုရ်အာန် သည် ခြုံငုံ၍ လမ်းညွှန်မှုပေး နေကြောင်း၏ နမူနာ တစ်ခု

 

          ကျမ်းတော်မြတ်ကုရ်အာန်တွင် မိန့်တော်မူသည်။

 

وَ لَو أَنَّ أَهلَ القُریٰ آمَنُوا وَ اتَّقَوا لَفَتَحنَا عَلَیهِم بَرَکَاتٍ مِّنَ السَّمآئِ وَ الأَرضِ وَ لٰکِن کَذَّبُوا فَأَخَذنَاهُم بِمَا کانُوا یَکسِبُونَ[2].

 

ဤအာယသ်တော်သည် မိုဟ်ကမသ် အာယသ် တော်များ မှ တစ်ပါး ဖြစ်ပါသည်။ မည်သို့မျှ မရှင်းလင်းစရာအကြောင်းမရှိချေ။ ဤအာယသ်တော်၏ အဓိပ္ပာယ်ဆိုလိုချက်သည် သံသယ ဖြစ်စရာ မလိုသည့်အထိ ရှင်းလင်းပါသည်။ ဤအာယသ်တော်၏ အက္ခရာများ နှင့် ဝါကျများ သည် မိခင်စကားအာရဘီစကားဖြစ်သူများ နှင့် အာရဘီ စကားတတ်သူများ နားမ လည်နိုင်စရာအကြောင်းမရှိချေ။ အတွေးအခေါ် တမ်းချော်နေသူများ နှင့် ကေရာအသ် အမျိုးမျိုး နှင့် အဓိပ္ပာယ် အသစ်များ ကိုလက်ခံသူများ ကိုတော့ ဘေးချိတ် ထားပါ။ ဖြစ်နိုင်ပါ သည်။ ၎င်းတို့အနေဖြင့် ပြောဆိုကြမည်။ ကျွန်ုပ်တို့သည် လိုင်း (ည) ဆိုသည့် အရာ ကို နေ့ ဖြစ်ကြောင်း ပြီးနောက် ဟေဂျာဗ် အရှက်ကို ဖုံးကွယ်ခြင်း ဆိုသည်မှာ ကိုယ်လုံးတီးချွတ် ဖြစ်ကြောင်း သဘောပေါက်ပါသည်ဟု ဆိုကြပါမည်။ သို့သော် သတိပြုစေလိုပါသည်။ သာသနာ တွင် ကေရာအသ် အမျိုးမျိုး နှင့်ပတ်သက်ပြီး ရှေ့ တွင် အကျယ် တဝင့် တင်ပြပါ မည်။

ဤအာယသ်တော်သည် သက်ဝင်ယုံကြည်မှုများ နှင့်ပတ်သက်ပြီး ခြုံငုံ ဥပဒေများ မှ တစ်ခု ဖြစ်ပါသည်။ထိုနည်းတူစွာ စီးပွားရေး ဆိုင်ရာ အခက်အခဲများ နှင့် စားဝတ်နေရေး အခက်အခဲများ ကိုဖြေရှင်းရမည့် နည်းလမ်းများ ကို တင်ပြထားပါသည်။ အာယသ်တော်၏ ဘာသာပြန် စကားပြေ အဓိပ္ပာယ် မှာ အကယ်၍ ရွာ များတွင်နေထိုင်သူများ အီမာန် သက်ဝင် ယုံကြည် မည်၊ သီလ သမာဓိရှိမည်ဆိုလျင် မုချ ဧကန် ကျွန်ုပ်အရှင်မြတ် အနေဖြင့် မိုးကောင်း ကင်နှင့် ပထဝီမြေရှိ ကောင်းချီးမင်္ဂလာ အဖြာဖြာ ၏တံခါးများကို ဖွင့်ပေးတော် မူမည်။ သို့သော် သီလ၊သမာဓိမရှိကြပေ။ ထိုပြင် ကိုဖိုရ် (ငြင်းပယ်) ကြပေမည်။ထိုနောက် အလ္လာဟ်ဟို အရှင်မြတ် ၏ နေအ်မသ်(ခ)ကောင်းချီးတော်များကို ကျေးဇူးမတင်ခြင်း ပြု ကြမည်။ အနှစ်ချုပ်ရလာဒ်မှာ အခက်အခဲ၊ဒုက္ခအမျိုးမျိုး နှင့်ရင်ဆိုင်ရပေသည်။

ဤ အတွက်ကြောင့် ကျမ်းတော်မြတ်ကုရ်အာန် မှ ရှင်းလင်းတင်ပြမှု အပြည့်အစုံနှင့် မိုအ်မင် များ ဘဝသာယသဆိုပြေ ရန် စီပွားရေး ကျယ်ပြန့် စေရန် ၊ စီးပွားရေး အကြပ် အတည်း များ ကို ဖြေရှင်းနိုင်ရန် ၊ နေအ်မသ်(ခ) ကောင်းချီးတော်များ ကျရောက်ရန် ၊ထိုပြင် အကြမ်းအားဖြင့် မိုးကောင်းကင်နှင့်မြေပထဝီ မှ ကောင်းချီးမင်္ဂလာ အဖြာဖြာ ကျရောက် ရန် အကြောင်းခံမှာ အီမာန် (ခ) သက်ဝင်ယုံကြည်ခြင်း နှင့် သက္က်ဝါး(ခ) သီလ သမာဓိ ဖြစ်ပါ သည်။၎င်း၏ဆန့်ကျင်ဘက် အလ္လာဟ်ဟို အရှင်မြတ် ၏နေအ်မသ် (ခ) ကောင်းချီး တော်များ ကို ကျေးဇူး မတင်ခြင်း ၊ ဘေးဒုက္ခများ ၊ အခက်အခဲအမျိုးမျိုး ကိုကျ ရောက်စေသည့် အကြောင်း ခံဖြစ်ပါသည်။ နေအ်မသ် ကိုကျေးဇူးတင်ခြင်း တန်ဖိုးထားခြင်းသည် နေအ် မသ်တော် ကို ပိုမို ပွားများစေပြီး နေအ်မသ်တော်အား ကျေးဇူးကန်းခြင်းသည် အဇာဗ် (ခ) အလ္လာဟ် ဘက်မှ ပြစ်ဒဏ် ကျရောက်မှုကို ဖြစ်စေပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် တွင် မိန့်ကြားတော်မူသည်။ لَئِنْ شَکَرتُمْ لَأَزِیدَنَّکُمْ وَ لَئِنْ کَفَرتُمْ إنّ عَذَابِیْ لَشَدِیدအကယ်၍ အသင်တို့ အနေဖြင့် နေအ်မသ် (ခ) ကောင်းချီးတော်များ ကို ကျေးဇူးတင်မည်ဆိုလျင် ငါအရှင်မြတ် သည် ဧကန်မုချအသင်တို့အတွက် နေအ်မသ် (ခ) ကောင်းချီးတော်များကို တိုးပွား စေတော်မူမည်။ အကယ်၍ ကျေးဇူး ကန်းမည်ဆိုလျင် ဧကန်မုချ ငါအရှင်မြတ် ၏ အဇါဗ် (ခ) ပြစ်ဒဏ်သည် အလွန်တရာ ပြင်းထန် တော်မူသည်။[3]

ဤနေရာတွင် အလွန်တရာ ကြီးမားသည့် အလ္လာဟ်ဟို အရှင်မြတ် ၏ နေအ်မသ်တော် (ခ)ကောင်းချီးတော် ဘက်သို့ ညွှန်ပြနေပါသည်။ ကျမ်းတော်မြတ် ကုရ်အာန် အပေါ် လက်တွေ့ လိုက်နာကျင့်သုံးခဲ့သည့်အတွက် မြင့်မြတ်သည့် အီရန်နိုင်ငံသားများ ရလာဒ် ကို ဆွတ်ခူးခဲ့ပါသည်။ အလ္လာဟ်ဟိုအရှင်မြတ် ထံတော်တွင်တောင်းဆု ပြုပါသည်။ လူထု အနေဖြင့် ထိုနေအ်မသ်တော်ကြီး (ခ)ရလာဒ်အား အလေးထား တန်ဖိုးထားနိုင် စွမ်းပေး သနားတော်မူပါ ။ ဤကြီးမားသည်နေအ်မသ်တော် ရုပ်သိမ်းခံရစေမည့် အကြောင်းဖြစ် သည် ကျေးဇူး ကန်းမှု မပြုမိ ဤအရှင်မြတ် ထံတော်တွင် ခိုလုံပါ၏။

 

 

[1]ဗဟာရွလ်အန်နဝါရ်ကျမ်း အတွဲ ၁ စာမျက်နှာ ၁၇၇

[2]စူရဟ် အအ်ရာဖ် အာယသ်တော်အမှတ် ၉၆

 

[3]စူရဟ်အီဗရာဟီးမ် အာယသ်တော်အမှတ် ၇


****************************************************************

END / 251