
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာယာသွလ္လာဟ် ဆရက်ဒ် ကမါလ်ဖကီးယေဟ် အီမာန်နီ သည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့ မှ စပြီး ရောဂါ တစ်ခုခုကြောင့် ဆေးရုံတက်၍ ကုသမှု ခံယူခဲ့ပါတယ်။ ပြီးခဲ့သည့်သြဂုတ်လ ၂၀ ရက်နေ့ အစဲရ်အချိန် တွင် အလ္လာဟ်ဟိုအရှင်မြတ် ၏ အမိန့်တော် ကိုခံယူသွားခဲ့ပါတယ်။
အာယာသွလ္လာဟ် ဆရက်ဒ် ကမါလ်ဖကီးယေဟ် အီမာန်နီ သည် ပညာတတ် မိသားစု တစ်စု မှ ဖွားမြင်လာပြီး သက်တော် ၈၇ နှစ်တွင် အလ္လာဟ်ဟိုအရှင်မြတ် ၏ အမိန့်တော် ကိုခံယူခဲ့ပါတယ်။
မရ်ဟွန်မ် အာယာသွလ္လာဟ် သည် အစ္စဖဟန်မြို့ ၏ မိုဂျဟစ် နှင့် ပရဟိတပြု သည့် အိုလမာ စာရင်းဝင် သူ တစ်ဦး ဖြစ်ပါတယ်။ အေမာမ်ခိုမေနီ (ရ.ဟ) ၏ တပည့် တစ်ဦး ဖြစ်ပြီး အင်န်ကေလာဗ် ဗေ အစ္စလာမ်မီ အီရန် လမ်းတွင် ခေသ်မသ် အမြောက်အများ ပြု ခဲ့သူဖြစ်ပါတယ်။
အာယာသွလ္လာဟ် ဆရက်ဒ် ကမါလ်ဖကီးယေဟ် အီမာန်နီ သည် အေမာမ် ခိုမေနီ ၏ အမိန့်အရ Noor-ul-Quran fi Tafsir-ul-Quran ဆိုသည့် သဖ်စီးကျမ်း အား ပထမဆုံးအကြိမ် ရုရှား ဘာသာ နှင့် အင်္ဂလိပ် ဘာသာပြန်ဖြင့် ဘာသာပြန်ဆိုခိုင်းသည့် အာလင်မ် ဖြစ်ပါတယ်။ ၎င်းဘာသာပြန် စာအုပ်အား နိုင်ငံတကာ အဆင့်မီ အမေရိကန် နှင့် ဥရောပ ရှိ နာမည်ကြီးပုံနှိပ်တိုက်များ တွင် ထုတ်ဝေခဲ့ပြီး အများ ဝယ်ယူလေ့လာနိုင်အောင်စာအုပ်ဆိုင်များ တွင် ရောင်းချခဲ့ပါတယ်။
မရ်ဟွန်မ် အာယာသွလ္လာဟ် ဆရက်ဒ် ကမါလ်ဖကီးယေဟ် အီမာန်နီ သည် အစ္စဖဟန်မြို့ တွင် အေမာမ် အမီးရွလ်မိုအ်မေနီ (အ.စ) သုတေသီဌာန နှင့် အထူး စာကြည့်တိုက်ကို တည်ထောင်ခဲ့ သူဖြစ်ပါတယ်။
****************************************************************
END / 251