၂၃ ဩဂုတ် ၂၀၂၁ - ၁၈:၃၇
 မုံရွာမြို့က ရဲမေ ၁ ဦး၏ နေအိမ် ဗုံးပစ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက် နယ်မြေအမှတ်(၈) အောင်သပြေလမ်းမှာရှိတဲ့ ရဲမေတစ်ယောက်ရဲ့ နေအိမ်ကို ဩဂုတ် ၂၂ ရက် ည ၈ နာရီလောက်က ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက် နယ်မြေအမှတ်(၈) အောင်သပြေလမ်းမှာရှိတဲ့ ရဲမေတစ်ယောက်ရဲ့ နေအိမ်ကို ဩဂုတ် ၂၂ ရက် ည ၈ နာရီလောက်က ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

ဒီလိုဗုံးနဲ့ ပစ်ခံရပေမယ့် ထိခိုက်ပျက်စီးတာမရှိဘဲ ဗုံးပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်သားတွေရောက်လာကာ အဆိုပါ ရဲမေနဲ့ အဖေဖြစ်သူကို ခေါ်သွားတယ်လို့ သိရပါတယ်။

“သူ့အဖေက ရပ်ကွက် ဆယ်အိမ်မှူး သူသမီးက မုံရွာမြို့တိုင်းရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းနေတယ်။ ဗုံးပေါက်ကွဲပြီးမကြာဘူး။ ကားတွေနဲ့ရောက်လာပြီး သားဖနှစ်ယောက်ကို ခေါ်သွားတယ်။” လို့ဒေသခံတစ်ဦးကပြောပါတယ်။

****************************************************************

END / 251