၂ စက်တင်ဘာ ၂၀၂၁ - ၁၈:၃၃
လက်နက် အပြည့် အစုံဖြင့် ပူးပေါင်းလာ ပါကသိန်း ၅၀ထုတ်ပေးမည်ဟု CDF-Lautu ကြေညာ ချက်ထုတ်ပြန်

ချင်းပြည်နယ် အလယ်ပိုင်းကိုအခြေပြုပြီးဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Chinland Defense Force –Lautu) အနေဖြင့် လက်နက်အပြည့်အစုံနှင့်ပြည်သူ့ဘက်ရပ်တည်ကာCDM ဝင်ရောက်လာမည့် တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များအား ဆုငွေကျပ် သိန်း ၅၀ နှင့် ခိုလှုံခွင့်ပေးသွားမည်ဖြစ်သည်ဟုတာဝန်ရှိသူတစ်ဦးထံမှသိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ချင်းပြည်နယ် အလယ်ပိုင်းကိုအခြေပြုပြီးဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Chinland Defense Force –Lautu) အနေဖြင့် လက်နက်အပြည့်အစုံနှင့်ပြည်သူ့ဘက်ရပ်တည်ကာCDM ဝင်ရောက်လာမည့် တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များအား ဆုငွေကျပ် သိန်း ၅၀ နှင့် ခိုလှုံခွင့်ပေးသွားမည်ဖြစ်သည်ဟုတာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ယနေ့ နေ့စွဲဖြင့်ထုတ်ပြန်ထားသည့် CDF-Lautu အဖွဲ့၏ထုတ်ပြန် ကြေညာ ချက်သည် ချင်းပြည်နယ်အတွင်းCDF-မင်းတပ်အဖွဲ့ပြီးလျှင် ဒုတိယမြောက် ထုတ်ပြန်ကြေညာချက်လည်းဖြစ်သည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် "အာဏာလုအကြမ်းဖက်စစ်ကောင်စီ ရဲ့လက်ပါးစေဘဝမှရုန်းထွက်၍ ပြည်သူများအားကိုးထိုက်သော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များဖြစ်လိုပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (chinland Defense Force –Lautu)အနေနဲ့အစစအရာရာတာဝန်ယူပြီး Full Equipment (လက်နက်အပြည့်အစုံ)နှင့်ပြည်သူ့ဘက်ရပ်တည် ကာCDM ဝင်ရောက်လာသော တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များအား Chinland Defense Force –Lautu မှဆုငွေ (သိန်း ၅၀ ကျပ်တိတိ)နှင့်ခိုလှုံခွင့် ပေးသွားမည်ဖြစ်သည်"ဟုပါရှိသည်။

စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့်ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကာကွယ်စောင့်ရှောက်ရန်အတွက် CDF-Lautu သည်CNF၏ လမ်းညွှန်မှုကိုခံယူ၍ CAN၊ CDF၊ NUG/PDF ၊တိုင်းရင်းသား ညီနောင်များနှင့် အတူတိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။


****************************************************************

END / 251