၃ စက်တင်ဘာ ၂၀၂၁ - ၁၉:၀၂
ကူဝိတ်မှာ ‘ကားတာယာသင်္ချိုင်းဟောင်းကြီး’ကို လူနေမြို့သစ် တည်ဆောက် မယ်

တစ်ချိန်က အကြီးစား ‘ကားတာယာသင်္ချိုင်းဟောင်းကြီး’ ကို လူနေမြို့သစ်အဖြစ် တည်ဆောက်သွားမယ့် အစီအစဉ်ကို ကူဝိတ်နိုင်ငံက ထုတ်ပြန်ကြေညာလာပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



တစ်ချိန်က အကြီးစား ‘ကားတာယာသင်္ချိုင်းဟောင်းကြီး’ ကို လူနေမြို့သစ်အဖြစ် တည်ဆောက်သွားမယ့် အစီအစဉ်ကို ကူဝိတ်နိုင်ငံက ထုတ်ပြန်ကြေညာလာပါတယ်။

ရေနံချမ်းသာတဲ့ ပင်လယ်ကွေ့ ကူဝိတ်နိုင်ငံ မြောက်ပိုင်းက နှစ်စတုရန်းကီလိုမီတာ(၀ ဒသမ ၇ စတုရန်းမိုင်) ကားတာယာအမှိုက်ပုံကြီးမှာ အသုံးတော့တဲ့ တာယာဟောင်းတွေ စုစုပေါင်း သန်း ၄၀ ကျော်မက စုပုံထားခဲ့တာ ဖြစ်ပါတယ်။

သက်တမ်း ၁၇ နှစ်ရှိပြီဖြစ်တဲ့ အဲဒီ ကားတာယာ အမှိုက်ပုံကြီးဟာ ၂၀၁၂ နဲ့ ၂၀၂၀ ကြားမှာ မီးကြီး သုံးကြိမ် လောင်ကျွမ်းခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင် စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ပြီး အာဏာပိုင်တွေအတွက် ပိတ်ပစ်စေဖို့ ဖြစ်ခဲ့ပါတယ်။

“ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်အဖြစ် ရှိနေတဲ့ ခက်ခဲတဲ့ အနေအထားကို ကျွန်တော်တို့ ရှင်းလင်းဖယ်ရှားခဲ့ပါပြီ”လို့ အယ်အက်ဒူလက်ရှ်ပြည်နယ်ကနေ ငါးကီလိုမီတာ(သုံးမိုင်)အကွာလောက်က ကားတာယာသင်္ချိုင်းဟောင်းကြီးကနေ လက်ရှိမှာ ဖို့မြေကွက်လပ်ကြီးဖြစ်နေတဲ့ နေရာမှာ ရေနံဝန်ကြီး မိုဟာမတ်အယ်ဖားရီက ပြောပါတယ်။

“အခုတော့ ဒီ ဧရိယာကို ရှင်းလင်းနေတယ်၊ ဆက်ဒ်အယ်လ်အက်ဒူလက်ရှ်မြို့သစ် တည်ဆောက်ရေး စီမံကိန်း စတင်ဆောင်ရွက်နိုင်ဖို့ တာယာအားလုံးကို ဖယ်ရှားရှင်းလင်းထားပြီ ဖြစ်တယ်”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်းမှာ ကားတာယာဟောင်းတွေကို ထရပ်ကားတွေပေါ် တင်ဆောင်ပြီး အယ်ဆယ်မီဒေသဆီ အခေါက်ပေါင်း ၄၄၀၀၀ ကျော် ပို့ဆောင်ခဲ့ရတာဖြစ်ပြီး အဲဒီမှာ ယာယီထားရှိထားမှာ ဖြစ်ပါတယ်

ဒီ တာယာတွေကို ဖြတ်တောက်တာ ဒါမှမဟုတ် ပြည်တွင်းအသုံးပြုဖို့နဲ့ ပြည်ပတင်ပို့ဖို့အတွက် ပြန်လည်အသုံးချသွားမှာ ဖြစ်ပြီး သိုလှောင်ထားရှိမှုကိုလည်း မီးလောင်တာမျိုးတွေ မဖြစ်ရအောင် နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ထားရှိမယ်လို့ ဝန်ကြီး အယ်ဖားရီက ဆိုပါတယ်။

ကူဝိတ်နိုင်ငံအနေနဲ့ ဒီ တာယာအားလုံးကို ရီဆိုင်ကယ်ပြုလုပ်ကာ ပြန်လည်အသုံးချသွားဖို့ စီစဉ်ထားပြီး နောက်ထပ် တာယာအမှိုက်ပုံကြီးတွေ မရှိရအောင် ဆောင်ရွက်သွားမယ်လို့ သဘာဝပတ်ဝန်းကျင်အများပြည်သူအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှူး ရှိတ်အက်ဒူလက်ရှ်အယ်ဆာဘတ်ရှ်က ပြောပါတယ်။

“တာယာတွေကို ပြန်လည်သုံးစွဲမယ့် စက်ရုံတစ်ရုံလည်း ရှိထားပြီးပါပြီ၊ ကားတာယာပြဿနာတွေ အဆုံးသတ်ဖို့ အခြား ကုန်ထုတ်လုပ်မှု လုပ်ငန်းရှင်တွေ ပါဝင်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”လို့ သူက ပြောခဲ့ပါတယ်။


****************************************************************

END / 251