၁၁ စက်တင်ဘာ ၂၀၂၁ - ၁၇:၂၅
မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် သေနတ်ဖြင့် အပစ်ခံရ

မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်အပစ်ခံရကြောင်း မြို့နယ်တွင်နေထိုင်သူများက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်အပစ်ခံရကြောင်း မြို့နယ်တွင်နေထိုင်သူများက ပြောသည်။

ညနေ ၆ နာရီခွဲခန့်တွင် (၁) ရပ်ကွက် မြို့သစ် (၄) လမ်းရှိ လဘက်ရည်ဆိုင်တစ်ဆိုင်တွင် (၂)လမ်း ရာအိမ်မှူး စိန်သောင်းဆိုသူမှာ လဘက်ရည်သောက်နေစဉ် သေနတ်ဖြင့်အပစ်ခံရခြင်းဖြစ်သည်။

" အပစ်ခံရတာ စိန်သောင်းတဲ့။ သေမသေတော့ မသိသေးဘူး" ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် (၄) လမ်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိကာ စစ်ဆေးနေပြီး ဆဲဆိုခြင်းများလည်း ရှိနေသည်ဟု သိရသည်။



****************************************************************

END / 251