၃ အောက်တိုဘာ ၂၀၂၁ - ၂၀:၂၉
   မည်သည့် နိုင်ငံ၏ လုံခြုံရေး မဆို အခြား နိုင်ငံများ၏ လက်တွင် မရှိသင့်ချေ / ရဲဟ်ဗရ် အင်န်ကေလာဗ်

အီရန် စစ်တပ် ၏ ဗိုလ်တက္ကသိုလ် များ ဆိုင်ရာ ဘွဲ့ နှင်းသဘင် အခမ်းအနား ကို ရဲဟ်ဗရ် မှ အွန်းလိုင်းဖြင့် မိန့်ခွန်း ပြောကြားစဉ် မိမိ နိုင်ငံ၏ လုံခြုံရေး အတွက် အာမခံချက်အား တခြား နိုင်ငံခြား များ ကို အားကိုး ခြင်းဖြင့် ၎င်းနိုင်ငံများ မှ ပေးနိုင်သည်ဟု ထင်ယောင်ထင်မှား တွေးနေကြသူများ သည် မကြာမီ အကျိုး ဆက်များ ကို ခံစားရမည် ဖြစ်ကြောင်း သိထားရန် စသည်ဖြင့် မိန့်ကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဟောင်ဇေနယူးစ် သတင်းဌာန ၏ သတင်း အထောက်များ အရ အီရန် အစ္စလာမ် မစ် ပြည်သူ့ သမ္မတ နိုင်ငံ တပ်မတော် ၏ ဗိုလ်တက္ကသိုလ် များ ဆိုင်ရာ ဘွဲ့ နှင်းသဘင် အခမ်းအနား ကို အောက်တိုဘာ လ နေ့ ၃ရက်နေ့ တနင်္ဂနွေနေ့ တွင် ကျင်းပခဲ့ပါတယ်။ ထိုအခမ်းအနား ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ အွန်းလိုင်းဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် မှ မိမိ နိုင်ငံ၏ လုံခြုံရေး အတွက် အာမခံချက်အား တခြား နိုင်ငံခြား များ ကို အားကိုး ခြင်းဖြင့် ၎င်းနိုင်ငံများ မှ ပေးနိုင်သည်ဟု ထင်ယောင်ထင်မှား တွေးနေကြသူများ သည် မကြာမီ အကျိုး ဆက်များ ကို ခံစားရမည် ဖြစ်ကြောင်း သိထားရန် မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ အဓိက အခြေခံ သဘောတရားဘက်သို့ ပြောကြားရင်း အီရန် တပ်မတော် သည် တိုင်းပြည် နှင့်လူမျိုး အတွက် ခိုင်မာ သည့် မြို့ရိုးနှင့် ခံတပ် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီးမိန့်ကြားသည်မှာ - အမီးရွလ်မိုအ်မေနီ မောင်လာအလီ (အ.စ) မှမိန့်တော် မူထားပါ တယ် ။ "والجنود باذن اللہ حصون الرعیۃ" ဖြစ်ပါတယ်။ ဤဟဒီးစ်တော် ၏ အဓိပ္ပာယ် အစစ်အမှန် အား ကျွန်ုပ်တို့ နိုင်ငံ တွင် လက်တွေ့ အကောင်အထည် ဖော်ထားကြောင်း ယနေ့ အီရန် တပ်မတော် ၊ အီရန် အစောင့်တပ်မတော် ၊ အီရန်ရဲ နှင့် အီရန် ပြည်သူ့ စစ် များသည် အမှန်တကယ် ပြည်တွင်း ပြည်ပ ရန်သူများ၏ အန္တရာယ် ကို ခုခံကာကွယ်ပေးနေသည့် ဒိုင် သဖွယ် ဖြစ် ကြောင်း မိန့် ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်မှဆက်လက်ပြီး နိုင်ငံတော်၏ လုံခြုံရေး ၏ အရေးကြီး ကြောင်း ဘက်သို့ ညွှန်၍ မိန့် ကြားရင်း မည်သည့် နိုင်ငံ မဆို ၏ လုံခြုံရေး ၊ဖွံ့ဖြိုး တိုးတက် ရေး လုပ်ငန်းများ အတွက် အခြေခံ စည်းမျည်း စည်းကမ်း ရှိကြောင်း လုံခြုံရေး ငြိပ်ဝပ် ပိပြားရေး ကိစ္စ သည် အရေးကြီး ကိစ္စ ဖြစ်ကြောင်း ဤကိစ္စ အတွက် လက်နက်ကိုင် တပ်မတော် အား ဦးစားပေး သတိပြုသင့်ကြောင်း မိမိနိုင်ငံ ၏ လုံခြုံရေး ငြိပ်ဝပ်ပိပြားရေးသည် နိုင်ငံခြား ၏ လက်တွင် မရှိရမည် ဖြစ်ကြောင်း မိမိ နိုင်ငံ၏ လုံခြုံရေး အတွက် အာမခံချက်အား တခြား နိုင်ငံခြား များ ကို အားကိုး ခြင်းဖြင့် ၎င်းနိုင်ငံများ မှ ပေးနိုင်သည်ဟု ထင်ယောင်ထင်မှား တွေးနေကြသူများ သည် မကြာမီ အကျိုး ဆက်များကို ခံစားရမည် ဖြစ်ကြောင်း မိန့် ကြားခဲ့ပါတယ်။

 

ရဲဟ်ဗရ်အင်န်ကေလာဗ်မှ ဆက်လက်ပြီး ဥရောပ နိုင်ငံများ နှင့်အမေရိကန် နိုင်ငံအကြား လက်ရှိ အကွဲအလွဲများ နှင့်ပတ်သက်၍ မိန့်ကြား သည်မှာ အမေရိကန် မှ ဥရောပ နိုင်ငံများ ၏ နောက်ကျော ကို ဓားနှင့် ထိုး ထားခဲ့ကြောင်း ဥရောပ နိုင်ငံများ အနေဖြင့် မိမိတို့ နိုင်ငံ ၏ လုံခြုံရေး တာဝန် ကို မိမိတို့၏ တပ်မတော်မှ ယူသင့်ကြောင်း အမေရိကန် ထိန်းချုပ်ထားသည် နေတိုးတပ်နှင့် မဆိုင်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး မိန့် ကြားသည်မှာ - မည်သည့် နိုင်ငံ မဆို မိမိ နိုင်ငံရေး လုံခြုံရေး ကိစ္စ တွင် နိုင်ငံခြား ၏ ဝင်ရောက် စွက်ဖက် မှုသည် ၎င်းနိုင်ငံ အား အလွန်တရာ ပျက်စီးစေနိုင်သည့် ဘေးဆိုး တစ်ခု ဖြစ်ကြောင်း ယနေ့ နေတိုးတပ် ၏ အရိပ်အောက်မှ နေ၍ အသက် ရှု နေကြသည့် ဥရောပ နိုင်ငံများသည် မိမိတို့၏ ကိုယ်ပိုင်အချုပ်အခြာအာဏာ နှင့် ရှေ့သို့တက်လှမ်းသင့်ကြောင်း စသည်ဖြင့် မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ်မှ ဆက်လက်ပြီး ဒေသအတွင်း အမေရိကန် စစ်တပ် အပါအဝင် အခြား နိုင်ငံများ ၏ စစ်တပ် ရှိနေခြင်းသည် ပျက်စီး မှု နှင့် ပဋိပက္ခများ အတွက် အကြောင်းခံ ဖြစ်ကြောင်း အားလုံးအနေဖြင့် မိမိတို့ နိုင်ငံ ၏ အချုပ်အခြာ အာဏာ နှင့် စစ်တပ်သည် မိမိတို့လက်တွင်သာ ရှိရန် ကြိုးပမ်း သင့်ကြောင်း မိမိတို့၏ လူမျိုး အပေါ် သာ ဆိုင်ကြောင်း အိမ်နီးချင်း နိုင်ငံများ ၏ စစ်တပ် နှင့် ဒေသတွင်းရှိ ဆိုင်ရာဆိုင်ရာ နိုင်ငံများ စစ်တပ် ကို ကူညီဖေးမသင့်ကြောင်း ထိုမှသာ ဒေသအတွင်း ကောင်းကျိုး ကို ဖြစ်စေ မည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာဖဂန် နိစ္စတန် တွင် အမေရိကန် စစ်တပ်၏ ရာဇဝတ်မှုများ ဘက်သို့ ညွှန်၍ မိန့်ကြားသည်မှာ အမေရိကန် စစ်တပ်သည် သမားရိုးကျသည် ဖြစ်စေ မကျဖြစ်စေ နည်းလမ်းအစုံနှင့်လက်နက်များ တပ်ဆင်ထားကြောင်း တာလီဘန် အစိုးရ အား နှိမ်နင်းရန် အကြောင်းပြချက်ဖြင့် အိမ်နီးချင်း နိုင်ငံ အာဖဂန် နိစ္စတန် သို့ ဝင်ရောက် ကျူးကျော်ခဲ့ကြောင်း အာဖ၈န် နိစ္စတန် နိုင်ငံ တွင် နှစ် ၂၀ အထိ နေထိုင်ပြီး မျိုးပြုတ် သတ်ဖြတ်မှု ၊ အစုလိုက် အပြုံ လိုက်သတ်ဖြတ်မှု နှင့် ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း မတရားသိမ်းပိုပ်မှုများ ပြုခဲ့ကြောင်း ၊ မူးယစ်ဆေးဝါးများကို ဖြန့် ဝေခဲ့ကြောင်း အာဖဂန် နိစ္စတန်ကို ဖျက်စီးခဲ့ပြီး နှစ် ၂၀ အကြာတွင် တာလီဘန် အစိုးရ ထံ လက်နက်ချ ပြီး ထွက်ခွာ သွား ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒေသအတွင်း ပြင်ပ စစ်တပ်များကို ဝင်ရောက်စွက်ဖက်ခွင့်မပြုကြရန် တိုက်တွန်း မိန့်ကြား ရင်း ဒေသတွင်းဆိုင်ရာနိုင်ငံများ အနေဖြင့် မိမိတို့ လူမျိုးများ ၏ အကျိုး အမြတ် များ အတွက် မိုင်ပေါင်းထောင်နဲ့ချီ၍ ရှိသည့် မိမိတို့၏ ဒေသတွင်း ပိုင်နက်တွင် နိုင်ငံခြား စစ်တပ် များ ၏ ဝင်ရောက် စွက်ဖက် ခြင်းမပြုနိင်အောင် ပြုရန် ဒေသတွင်းဆိုင်ရာ လူမျိုးများ၏ စစ်တပ်များ မှ ထိန်းချုပ် ထားသင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ်မှ ဆက်ဘက်ပြီး အီရန် နိုင်ငံ ၏ အနောက်မြောက်ပိုင်း နှင့် အချို့ အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး မိန့်ကြားသည်မှာ မိမိကိုယ်ကို အားကိုးခြင်းဆိုသည့် အမြင်နှင့် သာ ဖြေရှင်းသင့်ကြောင်း သို့ပေမဲ့လည်း ကျွန်ုပ်၏ တပ်မတော်သည် ဥာဏ်ရှိရှိနည်း၊ ဆင်ခြင်တုံတရားလက်ကိုင်ပြီး အလုပ်လုပ်နေကြောင်း မိန့်ကြားခဲ့ပါတယ်။

 

ဆက်လက်ပြီး ရဲဟ်ဗရ်မှ မိမိ၏မိန့်ခွန်း ၏ နောက်ဆုံး တွင် ဒေသတွင်းဆိုင်ရာ အစိုးရများ အား အသိဥာဏ် (ခ) ဆင်ခြင်တုံ တရား ဖြင့် အလုပ်၊လုပ်ရန် ဆုံးမ သြဝါဒ ပေးခဲ့ပါတယ်။ ဒေသအတွင်း အခက်အခဲများ အကြပ်အတည်းများ မဖြစ်အောင်ပြုရန် သူတစ်ပါး အတွက် ကျွင်းတူးရင် ကိုယ်သာ အရင် ထိုကျွင်း အတွင်းသို့ ကျရကြောင်း မိန့် ကြားခဲ့ပါတယ်။

#############################

END / 251