အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှေး အဉ်အလာ တစ်ခု အရ အီရတ် နိုင်ငံသားများ သည် မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ဝဖါသ် ဖြစ်တော်မူသည့်နေ့ (ခ) ရှဟီးဒ် ဖြစ်တော်မူသည့်နေ့ တွင် နဂျဖ်ဘက်သို့ခရီးထွက်ကြပါတယ်။ ထိုမှသာ ထိုနေ့ အချိန်အခါ တွင် မဟာ တမန်တော်မြတ် ကြီး (ဆွ) ၏ ဝစီဖြစ်သူ ၊ အရိုက်အရာကို ဆက်ခံသူ ၊ သားမက်တော် သူ အမီးရွလ်မိုအ်မေနီ အေမာမ် (အ.စ) အား ဝမ်းနည်းကြေကွဲကြောင်း လျှောက်ထား ကြရန် ဖြစ်ပါတယ်။
နဂျဖ်ဖေအရှ်ရဖ် မြို့ နှင့် ကူဖွာ မြို့များသည့် ဤရက်အတွက်ကြောင့် ဝမ်းနည်း ကြေကွဲ၍ အဇါဒါရီ ပြုကြလေ၏။ ဟဇရသ် အလီ (အ.စ) ၏ ဝမ်းနည်းကြေကွဲသူများ အဇါဒါရီပြုသူများ ကို စာတုဒိသာ တဲများ မှ ဧည့်ခံ ကြပါတယ်။
ဤခရီးစဉ်တွင်ဇေယာရသ်ပြုသူများ မှ အမြောက်အများသည် နဂျဖ်ဖေအရှ်ရဖ် မြို့ သို့ ခြေလျင် ခရီး ထွက်ကြပါတယ်။ ဤအတွက်ကြောင့် ဤအချိန်တွင် နဂျဖ် အရှ်ရဖ် မြို့၏ မြင်ကွင်း မှာ အရ်ဗအီးန် ဆရက်ဒ်ဒိုရှ်ရှိုဟဒါ အေမာမ် ဟိုစိန် (အ.စ) ၏ အချိန်အခါ တွင် နဂျဖ် နှင့်ကရ်ဗလာ လမ်း တစ်လျှောက် ၏ မြင်ကွင်း အတိုင်း ဖြစ်ပါတယ်။ အမျိုးသား ၊ အမျိုးသမီး လူကြီးလူငယ်များ မှ ((ယာ ရစူလ်လွဒ်လ္လာဟ် ))ဆိုသည့် အလံများ ကို ကိုင်ဆောင်ထားကြပြီး နဖ်စေရစူလ် (ခ) မောင်လာအလီ (အ.စ) ၏ ဇေယာရသ် အတွက် လာကြပါတယ်။
သို့သော်လည်း ဤ လမ်းလျှောက်ခြေလျင် ဇေယာရသ် ခရီးစဉ်သည် အီရန် နိုင်ငံသားများ နှင့် အခြား နိုင်ငံများ အကြား သတင်းမရှိကြချေ။ အဗ်နာ သတင်းဌာန မှ ဤ သတင်း အား ၂၀၁၅ ခုနှစ် တွင် ပထမဆုံး အကြိမ် အဖြစ် ဤ ရစူလ် (ဆွ) နှင့် အာလေရစူလ် (အ.စ) နှင့် သက်ဆိုင်သည့် အစီအစဉ် အား အထူးသတင်းအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။ ပြီးနောက် ဆက်လျက်၍ ဤ သတင်းအား ထုတ်လွှင့် လျက်ရှိနေပါတယ်။ ထိုမှသာ အီရန်နိုင်ငံသားများ နှင့် ကမ္ဘာ ရှီအာမွတ်စလင်မ်များ ကို သတင်းများ ၊ ဓာတ်ပုံများ ကို ထုတ်ပြန်၍ သိစေခဲ့ပါတယ်။
ဤနှစ် တွင်လည်း ပြီးခဲ့သည့် နှစ်များပမာ ခုနစ်နှစ် အဖြစ် အဗ်နာ သတင်းဌာန မှ အထောက် သတင်းထောက် များ ၊ ဓာတ်ပုံဆရာများ ကို လွတ်ပေး၍ အမီးရွလ်မိုအ်မေနီ အေမာမ်အလီ (အ.စ) ၏ဇေယာရသ်နေ့ ပတ်သက် သည့် သတင်းများ ၊ ဓာတ်ပုံများ ၊ ဆောင်းပါးများ ၊အစီရင်ခံ စာများ ကို ထုတ်ပြန့် ပေးနိုင်ရန် ဖြစ်ပါတယ် ။
#############################
END / 251