အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ချင်းအမျိုးသားတပ်ဦး(CNF)၏ ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဟောင်းတဦးဖြစ်သူ Pu Zam Suan Dal (ခ) Pu Dal သည် ယမန်နေ့ အောက်တိုဘာလ ၅ရက် က ၉၆ ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရသည်။
Pu Zam Suan Dal သည် ပြည်ထောင်စုအတွင်း လွတ်လပ်ခွင့် ၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် များအတွက် အမျိုးသားရေးတာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း CNF ၏ တာဝန်ရှိသူများက ပြောသည်။
Pu Zam Suan သည် ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အပါအဝင် ပေးအပ်ခံရသည့် အခြားအဆင့်ဆင့်သော တာဝန်များကို ထမ်းဆောင်ခဲ့သူ၊ ချင်းအမျိုးသားတပ်ဦးနှင့် ချင်းလူမျိုးများအတွက် အားထားရသောသူတစ်ဦး ကြောင်း သိရသည်။
၎င်း၏ ကိုယ်ကျိုးစွန့်အနစ်နာခံမှုများအတွက် ချင်းအမျိုးသားတပ်ဦး/တပ်မတော်မှ မှတ်တမ်းတင်ကြောင်းနှင့် မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း CNFက ထုတ်ပြန်ကြေညာထားသည်။
၎င်းသည် ကွယ်လွန်ချိန်တွင် အသက်(၅၅)နှစ်ရှိပြီဖြစ်ပြီး ဇနီးနှင့် ကလေးနှစ်ယောက် ကျန်ရစ်ကြောင်း သိရသည်။
##########################################
ENND / 251
၆ အောက်တိုဘာ ၂၀၂၁ - ၂၀:၀၃
News ID: 1186395
ချင်းအမျိုးသားတပ်ဦး(CNF)၏ ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဟောင်းတဦးဖြစ်သူ Pu Zam Suan Dal (ခ) Pu Dal သည် ယမန်နေ့ အောက်တိုဘာလ ၅ရက် က ၉၆ ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရသည်။