၁၃ မေ ၂၀၂၆ - ၁၄:၂၉
အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အီရတ်က်ကျီ တက်ရောက်မည်

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီသည် နယူး ဒေလီတွင် ကျင်းပမည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရ BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မေလ ၁၄ ရက်နှင့် ၁၅ ရက်တွင် အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီတွင် ကျင်းပမည်ဖြစ်ပါတယ်။

ဆွေးနွေးပွဲများသည် ဒေသတွင်းတည်ငြိမ်မှု၊ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးတည်ငြိမ်မှုတို့ကို အဓိကထား ဆွေးနွေးမည်ဖြစ်ပါတယ်။

အီရန်နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် မိမိ နှင့်ရာထူးတူ အိန္ဒိယ သမ္မတ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ နှင့် အခြားနိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ် အဖွဲ့များ နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပါတယ်။

စက်တင်ဘာလတွင် ကျင်းပမည့် ၁၈ ကြိမ်မြောက် သမ္မတအစည်းအဝေး၏ အစီအစဉ်ကို နယူးဒေလီတွင် ကျင်းပမည့် အထက်ဖော်ပြပါ အစည်းအဝေးတွင်လည်း ဆုံးဖြတ်မည်ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha