အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သိုဟ်ဖို အိုကူးလ် ကျမ်းမှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الصادق (عليه السلام):
اُرجُ اللهَ رَجاءً لا یُجَرّیکَ عَلی مَعصِیَتِهِ، وَ خَفهُ خَوفاً لا یُؤیِسُکَ مِن رَحمَتِهِ .
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အလ္လာဟ်ဟိုအရှင်မြတ် ထံ ၌ မျှော်လင့်ချက်ထားပါ။ သို့သော် အဆိုပါမျှော်လင့်ချက်သည် သင့်ကို အပြစ်ပြုရန် မဖြစ်ပါစေ နှင့်။ ထို့ပြင် အရှင် အား ကြောက်ရွံ့ပါ။ သို့သော် ထိုကြောက်ရွံ့မှုသည် သင့်ကို အရှင် ၏ မဟာကရုဏာတော်မှ မျှော်လင့်ချက်မဲ့စေခြင်းကိုမဖြစ်ပါစေနှင့်။ »
ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း ၊ စာမျက်နှာ ၃၀၄
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး မျှော်လင့်ချက်နဲ့ ကြောက်ရွံ့မှု ကို ချိန်ညှိပြီး ထားရမယ် ကိုဆိုလိုခြင်းဖြစ်ပါတယ်။ အကြောင်းက အလွန်အကျွံ မျှော်လင့်ရင် အပြစ်လုပ်တာကို လျှော့မစဉ်းစားဘဲ လက်လွတ်သွားနိုင်ပါ တယ်။ အလွန်အကျွံ ကြောက်ရင် လျင် အလ္လာဟ်ဟို အရှင်မြတ် ၏ကရုဏာကို မျှော်လင့် မိတော့မှာ မဟုတ်တော့ချေ။ ဤအတွက်ကြောင့် မျှော်လင့်ခြင်း နှင့် ကြောက်ရွံ့ခြင်းကို အလယ်အလတ်ထားဖို့ အလယ်အလတ်နေရာ မှာ ထိန်းသိမ်းဖို့ သင်ခန်းစာပေးနေသည့် ဟဒီးစ်တော် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment