၁၁ မေ ၂၀၂၆ - ၁၄:၄၇
သတင်းထောက် နှင့် လက်ဘနွန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီး၏ အမေးအဖြေ

သတင်းထောက် နှင့် လက်ဘနွန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီး၏ အမေးအဖြေကိုတင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သတင်းထောက်တစ်ဦးက လက်ဘနွန်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်ကြီးကို မေးမြန်းခဲ့ပါတယ် ...

“လက်ဘနွန်အစိုးရဆီက ဘာလိုချင်လဲ”

သံအမတ်ကြီးက “ကျွန်တော်တို့က ဟစ်ဇ်ဘိုလာရဲ့ လက်နက်တွေကို လက်ဘနွန် နိုင်ငံတော်ရဲ့ ထိန်းချုပ်မှု အောက် မှာ ရှိစေချင်ပြီး အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ အသုံးမပြုစေချင်ပါဘူး” ဟု ပြန်ဖြေခဲ့ပါတယ်။

သတင်းထောက်က ချက်ချင်းလှည့်ပြီး “ဒါဆို ခင်ဗျားတို့ နိုင်ငံမှာရှိတဲ့ အမေရိကန်စစ် စခန်းတွေကို ခင်ဗျားတို့ ရဲ့ ခွင့်ပြုချက်မရှိဘဲ အသုံးပြုလို့မရဘူးလား ? ” ဟု မေးခဲ့ပါတယ်။

ထိုစကားကို ကြားသောအခါ သံအမတ်ကြီးက “ခင်ဗျားက သတင်းထောက်မဟုတ်ဘဲ ဟစ်ဇ်ဘိုလာကို ထောက်ခံ သူလို့ ထင်ရတယ်!” ဟု ပြန်ဖြေပါတယ်။

သတင်းထောက်ကလည်း ပြတ်သားစွာ  “ ဒါဆို ခင်ဗျားက ဆော်ဒီအာရေဗျရဲ့ သံအမတ်မဟုတ်ဘဲ အမေရိ ကန်ပြည် ထောင်စု ရဲ့ သံအမတ်ကြီးပေါ့ ” ဟု ဖြတ်သားစွာ ပြန်ပြောခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha