၁၃ မေ ၂၀၂၆ - ၁၆:၀၃
ပုပ်ရဟန်းမင်းကြီး လီယို စတုတ္ထမြောက်သည် အီရန်သံအမတ်ကြီးအား ဗာတီကန်၏ အမြင့်ဆုံး သံတမန် ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်

ပုပ်ရဟန်းမင်းကြီး လီယို စတုတ္ထမြောက်သည် ဗာတီကန်ဆိုင်ရာ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.I မိုဟမ္မဒ်ဟိုစိုင်းန်မွတ်ခ်သာရီအား ဗာတီကန်၏ အမြင့်ဆုံးသံတမန်ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် ပီယိုစတုတ္ထမြောက်ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehrသတင်းဌာန၏အစီရင်ခံစာအရ ဤဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် စစ်ဆန့် ကျင်ရေးရပ် တည်ချက်ကို မြှင့်တင်ရန် ဗာတီကန်ရှိ အီရန်သံရုံး၏ ကြိုးပမ်းအားထုတ်မှုများနှင့်လည်း ဆက်စပ် နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

ဤဂုဏ်ထူးဆောင်ဘွဲ့ကို ပုပ်ရဟန်းမင်းကြီး လီယို စတုတ္ထမြောက်သည် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ လုပ်ရပ်များကို ရှုတ်ချခဲ့သည့်အချိန်တွင် ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။

ဤဂုဏ်ထူးဆောင်ဘွဲ့ကို ဗာတီကန်၏ အထင်ရှားဆုံး သံတမန်ဂုဏ်ထူးဆောင်ဘွဲ့များထဲမှ တစ်ခုအဖြစ် သတ်မှတ်ပြီး သံတမန်ဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် ဘာသာပေါင်းစုံဆွေးနွေးပွဲများ မြှင့်တင်ရာတွင် အရေး ပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သော သံအမတ်ကြီးများနှင့် ပုဂ္ဂိုလ်များအား ချီးမြှင့်လေ့ရှိကြောင်း သိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha