အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းရဲစခန်းကို ဒေသကာကွယ်ရေးတပ်များမှ သိမ်းပိုက်ပြီးချိန်တွင် ရေစကြိုမြို့မှ စစ်ကူအဖြစ်ထွက်လာသော စစ်ကောင်စီ ဆိုင်ကယ် ခြောက်စီးနှင့် ကားတစ်စီးအပါအဝင် ခြေလျင်တပ်တို့ကို ယနေ့ နိုဝင်ဘာ ၁၃ရက် ညနေ၅နာရီအချိန်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပခန်းရဲစခန်းကို ယနေ့ နေ့လယ် ၁နာရီ ၁၅ မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့ပြီး စခန်းရှိရဲများ စခန်းကို စွန့်ခွာပြေးသွားအပြီး ညနေပိုင်းတွင် စစ်ကူလာသည့် စစ်ကောင်စီကား နှင့် ဆိုင်ကယ်များကို မိုင်း သုံးလုံးဆွဲကာ ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။
"ရေစကြိုမှာ တပ်ရင်း သုံးရင်းရှိတယ် အခုက ဘယ်တပ်ရင်းကထွက်လာတာလဲတော့မသိဘူး၊ အင်အားက ၄၀လောက်တော့ရှိမယ်၊ စဥ့်ကိုင်နဲ့ ပခန်းငယ်နဲ့ကြားမှာ မိုင်း သုံးလုံးဆွဲလိုက်တယ်။ ကားကိုထိသွားတယ် အနည်းငယ်တော့မြောက်တက်သွားတယ်။ ထိတာက ၁၀ယောက်လောက်ထိသွားတယ်။ လူခြောက်ယောက်လောက်ကတော့မထနိုင်တော့ဘူး။ သေတယ်ပေါ့။ ဒဏ်ရာရတဲ့လူကတော့ နည်းနည်းများနိုင်တယ်။ ကားကတော့ လုံးဝကိုပျက်ဆီးသွားတယ်။ မောင်းလို့မရတော့ဘူး"ဟု Phonix ပြောက်ကျားတပ်ဖွဲ့ (ရေစကြို) အဖွဲ့က မဇ္ဈိမကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီမှ ခြောက်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း People Defense Force Yesagyo က ပြောသည်။
ယင်းတိုက်ခိုက်မှုကို People Defense Force Yesagyo၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)၊ ညီနောင်မဟာမိတ်နှစ်ဖွဲ့ပူးပေါင်း၍ စစ်ကောင်စီ၏ ဆိုင်ကယ် ခြောက်စီး၊ ကား တစ်စီး ခြေလျင်အပါအဝင် အင်အား (၄၀)ခန့်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
****************************************************************
END / 251
ရေစကြိုမြို့နယ် ပခန်းရဲစခန်းကို သိမ်းပြီး ချိန်တွင် စစ်ကူလာသော စစ်ကောင်စီ ကား နှင့် ဆိုင်ကယ် ၆စီး မိုင်းဆွဲ ခံရ
၁၃ နိုဝင်ဘာ ၂၀၂၁ - ၂၀:၀၃
News ID: 1198166
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းရဲစခန်းကို ဒေသကာကွယ်ရေးတပ်များမှ သိမ်းပိုက်ပြီးချိန်တွင် ရေစကြိုမြို့မှ စစ်ကူအဖြစ်ထွက်လာသော စစ်ကောင်စီ ဆိုင်ကယ် ခြောက်စီးနှင့် ကားတစ်စီးအပါအဝင် ခြေလျင်တပ်တို့ကို ယနေ့ နိုဝင်ဘာ ၁၃ရက် ညနေ၅နာရီအချိန်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။