၃၀ နိုဝင်ဘာ ၂၀၂၁ - ၁၀:၀၁
   အီရန် သည်ကောင်းမွန် ပြီး သဘောတူညီသည့်  စာချုပ် တစ်ခု ရရှိရန် ကြိုးစားနေပါ တယ် / အီရန် နိုင်ငံခြားရေး ဝန်ကြီး

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန် အမီးရ် အဗ်ဒွလ္လာဟ်ဟီရန်း(န) မှ ကမ္ဘာ ကုလသမဂ္ဂ ၏ အထွေ ထွေ အတွင်းရေးမှူး ချုပ် Antonio Guterres နှင့် တယ်လီဖုန်း ဖြင့် စကားပြောဆိုရာတွင် အီရန် နိုင်ငံသည် ကောင်းမွန်ပြီး သဘောတူညီ သည့် စာချုပ် တစ်ခု ရရှိရန် ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်ရ် သတင်း ဌာန၏ သတင်း အထောက်အထား များ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဟိုစိန် အမီးရ် အဗ်ဒွလ္လာဟ်ဟီရန်း(န) မှ ကမ္ဘာ ကုလသမဂ္ဂ ၏ အထွေ ထွေ အတွင်းရေးမှူး ချုပ် နှင့် တယ်လီဖုန်း ဖြင့် စကားပြောဆိုရာတွင် အီရန် နိုင်ငံသည် ကောင်းမွန် ပြီး သဘောတူညီ သည့် စာချုပ် တစ်ခု ရရှိရန် ကြိုးစားနေကြောင်း ပြောကြားခဲ့ပါတယ်။

တယ်လီဖုန်း ဆွေးနွေးပွဲအတွင်း အာဖဂန်နိစ္စတန်တွင် ဖြစ်ပေါ်တိုး တက်မှု များနှင့် ဗီယင်နာတွင် နျူကလီးယား ဆွေးနွေးပွဲများ အပါအဝင် ဒေသတွင်း နှင့် နိုင်ငံ တကာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြ သည်။

သဘောတူညီချက်ကောင်းကို ရှင်းပြရာတွင် ဟိုစိန် အမီးရ် အဗ်ဒွလ္လာဟ်ဟီရန်း(န) မှ အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ပူးတွဲနျူကလီးယားသဘောတူညီချက်နှင့် ပတ်သက်၍ ၎င်းတို့၏ ကတိ ကဝတ်များ ကို ကျေပွန်သင့်ပြီး ဖိနှိပ်သော စီးပွားရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းပါက အီရန်သည်လည်း ၎င်း၏ ကတိများကို ပြန်လည်စတင်မည်ဖြစ်ပြီး အီရန်က သဘောတူညီချက်ကို လိုက်နာမည်ဖြစ် ကြောင်း၊ လက်တွေ့ စိစစ်စမ်းသပ်မှုတွေ လုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်Antonio Guterres မှလည်း အီရန်နှင့် JCPOA အဖွဲ့တို့ကြား ဆွေးနွေးပွဲစတင်ခြင်းကို ကြိုဆိုခဲ့ပြီး ပူးတွဲနျူကလီးယားစမ်းသပ်မှု တားမြစ်ရေး သဘောတူစာချုပ် ပြန်လည် အကောင် အထည်ဖော်ရေးအတွက် ဖြစ်နိုင်သမျှ အကူအညီအားလုံးကို ကုလသမဂ္ဂက ပံ့ပိုးပေးရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် Antonio Guterres မှ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို အဆုံးသတ်ရန်နှင့် သဘောတူညီချက်ကို လိုက်နာရန် အီရန်၏ အတည်ပြုချက်နှင့် စမ်းသပ်ရန် တောင်းဆိုချက်ကို ယုတ္တိတန်ပြီး ကျိုးကြောင်းဆီလျော်စွာ လိုက်နာရန် တောင်းဆိုခဲ့ပါတယ်။

 

အာဖဂန်နိစ္စတန်ရဲ့ အခြေအနေတွေကို အီရန်နိုင်ငံခြားရေးဝန်ကြီး နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တို့လည်း ဆွေးနွေးခဲ့ပါတယ်။ အာဖဂန်နိစ္စတန်တွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်သော အစိုးရတစ်ရပ် ဖွဲ့စည်းရေးအပေါ် အလေးပေး ပြောကြားရာတွင် အာဖဂန်ပြည်သူများသည် ဆောင်းရာသီတွင် ပြင်းထန် သော အခက်အခဲများ ကြုံတွေ့နေရသောကြောင့် အာဖဂန်ပြည်သူများသည် နိုင်ငံတကာ အသိုက် အဝန်း၏ ပံ့ပိုးကူညီမှုကို အလွန်လိုအပ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြား ခဲ့ ပါတယ်။

****************************************************************

END / 251