၁ ဒီဇင်ဘာ ၂၀၂၁ - ၂၀:၂၂
ရုရှကို ခြိမ်းခြောက်ဟန့်တားရန် နေတိုးကို ယူကရိန်း တိုက်တွန်း

နေတိုးမဟာမိတ်အဖွဲ့က ထိပ်တန်းသံတမန် အစည်းအဝေးမှာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက သူ့နိုင်ငံကို ရုရှက ကျုးကျော်ဖို့ လုပ်ဆောင်နေတာကို “ခြိမ်းခြောက်ဟန့်တား”ဖို့ ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နေတိုးမဟာမိတ်အဖွဲ့က ထိပ်တန်းသံတမန် အစည်းအဝေးမှာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက သူ့နိုင်ငံကို ရုရှက ကျုးကျော်ဖို့ လုပ်ဆောင်နေတာကို “ခြိမ်းခြောက်ဟန့်တား”ဖို့ ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။

ယူကရိန်းနယ်စပ်နားမှာ ရုရှက စစ်ရေးတည်ဆောက်နေတာနဲ့ ပတ်သက်လို့ ဘယ်လို တုံ့ပြန်သွားမလဲဆိုတာကို နေတိုးအုပ်စု ဆွေးနွေးလျက် ရှိနေတာလည်း ဖြစ်ပါတယ်။ ရုရှရဲ့အဲဒီလို စစ်ရေးတည်ဆောက်မှုကြောင့် သမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းကို ကျူးကျော်ဖို့ ပြင်ဆင်နေတယ်ဆိုပြီး အနောက်နိုင်ငံတွေက စိုးရိမ်မကင်းဖြစ်နေကြပါတယ်။

အခု အစည်းအဝေးမှာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာက ရုရှနဲ့ ဆက်သွယ်မှုကို ဖယ်ခွာရန်၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အသင့်ရှိရန်နဲ့ ယူကရိန်းကို စစ်ရေး ပိုမို ထောက်ပံ့ရန် အပါအဝင် သုံးမျိုးစုံ ချည်းကပ်မှုအတွက် တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ပူးပေါင်းအားထုတ်မယ်၊ ကျွန်တော်တို့ အတူတွဲလုပ်မယ်ဆိုရင် ကျွန်တော်တို့ ယုံကြည်ပါတယ်၊ သမ္မတ ပူတင်ကို ဟန့်တားနိုင်မှာပါ၊ စစ်ဆင်ရေး ဆင်နွှဲလိုတဲ့ အဆိုးဆုံး ရွေးချယ်မှုကနေလည်း သူ့ကို နောက်တွန့်သွားစေမှာပါ”လို့ ရီဂါမှာ ကျင်းပတဲ့ နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကူလီဘာက ပြောပါတယ်။

ရုရှအနေနဲ့ ယူကရိန်းကို စစ်ဆင်ခဲ့ရင် “တန်ဖိုးကြီးကြီး” ပေးရလိမ့်မှာဖြစ်ပြီး နေတိုင်းမဟာမိတ်အဖွဲ့ဝင်တွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာနိုင်တယ်လို့ မဟာမိတ်တွေကြား ပြောဆိုပြီးနောက်မှာ နေတိုးအကြီးအကဲ ယန်း စတောတန်ဘတ်ခ်ျက အင်္ဂါနေ့မှာ သတိပေး ပြောဆိုထားပါတယ်။

နေတိုးအဖွဲ့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်နိုင်တာ မရှိပါ။

ယူကရိန်းဟာ နေတိုးမဟာမိတ်တွေဆီကနေ တိုးလို့ စစ်ရေးအထောက်အပံ့တွေ ရရှိနေပါတယ်။

ရုရှကတော့ စီစဉ်ထားတဲ့ တိုက်ခိုက်မှုမျိုး မရှိဘူးလို့ ငြင်းဆန်ပြီး နေတိုးရဲ့ စွပ်စွဲချက်တွေဟာ တင်းမာမှုတွေကို တိုးပွားစေတယ်လို့ အပြစ်ဆိုထားပါတယ်။ ရုရှဟာ ၂၀၁၄ မှာ ယူကရိန်းထံကနေ ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့ပြီး ယူကရိန်းကို တိုက်ခိုက်နေတဲ့ ခွဲထွက်ရေးသမားတွေကိုလည်း နောက်ကွယ်က ပံ့ပိုးပေးလျက် ရှိနေပါတယ်။

အနောက်အုပ်စုနဲ့ ယူကရိန်းတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ အခြား ပြုမူဆောင်ရွက်မှုတွေက ရုရှရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လျက် ရှိနေတယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။

****************************************************************
END / 251