အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ မြို့တော် တီဟီရန် မြို့ ရှိ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဲဟ်မဒ် ခါသေမီ လက်ရှိ မှ ဗီယင်နာ တွင် ပြုလုပ်နေသည့် အမေရိကန် အပါအဝင် အင်အား ကြီးနိုင်ငံများ နှင့် အီရန် အစ္စလာမ်မစ် နိုင်ငံ ၏ အပြန်အလှန် စေ့စပ် သဘောတူ ညှိနှိုင်း ပွဲကို ရည်ညွှန်းပြီး အီရန် ပြည်သူများသည် အမေရိကန် အစိုးရ ၏ ပိတ်ဆို့ အရေးယူမှု အားလုံးကို ရုပ်သိမ်းခြင်းထက် လျော့နည်းသည့် အရာကို လက်ခံမည် မဟုတ် ကြောင်း သောကြာနမာဇ် ခွသ်ဗာ (မိန့်ခွန်း) တွင် ဟောကြားခဲ့ပါတယ်။
ရှဟီးဒ် မိုဒရစ်(စ) ၏ ကြီးမြတ်မှု
တီဟီရန် မြို့ သောကြာနမာဇ် ရှေ့ဆောင် ဆရာတော် ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဲဟ်မဒ် ခါသေမီ မှ ရှဟီးဒ် မိုဒရစ် (စ) အား ရိုသေ ဂါရဝ စကားပြောကြားရင်း အေမာမ် ခိုမေနီ (ရ.ဟ) သည် အမြဲ တမ်း ရှဟီးဒ် မိုဒရစ် (စ) အား ကြီးမြတ်သည့် ၊ဂုဏ်သိက္ခာ ကြီးမားသည့် အကြည့်ဖြင့် သာ ကြည့် လေ့ ရှိ ကြောင်း ဟောကြားခဲ့ပါတယ်။
အီရန် လူမျိုး များ တွင် ဇွဲလုံ့လ နှင့် ခုခံ မှု စိတ်ဓာတ် သည် ရှင်သန်နေပါတယ်
သောကြာရှေ့ဆောင်ဆရာတော်မှ အီရန် လူမျိုး များ အတွင်း ဇွဲလုံ့လ ၊ ခုခံ မှု စိတ်ဓာတ် သည် ရှင်သန်နေကြောင်း ဘက်သို့ ညွှန်း၍ အီရန် လူမျိုး များ တွင် မတရား ညှဉ်းပန်း နှိပ်စက် ၊ရက်စက်မှု ကို ဆန့်ကျင် ရန်အတွက် ဇွဲလုံ့လ နှင့် ခုခံ မှု စိတ်ဓာတ် သည် ရှင်သန်နေ ကြောင်းမိန့်ကြားခဲ့ပါတယ်။
ပိတ်ဆို့အရေးယူမှု များ အားလုံး အား ရုပ်သိမ်းရန် အရေးကြီး
ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဲဟ်မဒ် ခါသေမီ မှ ဗီယင်နာ တွင် ပြုလုပ်သည့် သဘောတူ ညှိနှိုင်း ပွဲကို ရည်ညွှန်းပြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ကိုယ်စားလှယ် အဖွဲ့ သည် မိမိ တို့၏ ရပ်တည်ချက်များ ကို တရားမျှတသည်နည်းလမ်းဖြင့် တင်ပြခဲ့ပြီး အီရန်အပေါ် ရက်စက်ပြီး တရားမဝင် သည့် ပိတ်ဆို့မှုများ အဆုံးသတ်ရန် အလွန် တရာ အရေးကြီးကြောင်း 1+4 အုပ်စု (အီရန်နှင့် ဆွေးနွေး ညှိနှိုင်းနေသည့် နိုင်ငံ လေးနိုင်ငံ ) ရှိ နိုင်ငံများ အားလုံးသည် မိမိတို့၏ ကတိ ကဝတ် များ အတိုင်း လုပ်ဆောင်ထိုက်ကြောင်း မိန့်ကြားခဲ့ပါတယ်။ အမေရိကန် နိုင်ငံ ကဲ့သို့ပင် အခြား ဥရောပ သုံး နိုင်ငံသည်လည်း ကတိမတည်ခဲ့ကြကြောင်း ဟောကြားခဲ့ပါယတ်။
သူရ သတ္တိ ရှိသည့် အီရန် အစ္စလာမ်မစ် ပြည်သူ့ များ ၏ ကိုယ်စားလှယ် တော်များ
သောကြာနမာဇ် ရှေ့ဆောင် ဆရာတော်မှ အီရန် နိုင်ငံ ဘက် မှ သဘောတူ ညှိနှိုင်း ပွဲ ၏ ကိုယ်စားလှယ်များ အဖွဲ့အား ရည်ညွှန်းပြီး လူကြီးမင်းတို့သည် သူရ သတ္တိ ရှိသည့် အီရန် အစ္စလာမ်မစ် ပြည်သူ့ များ ၏ ကိုယ်စားလှယ် တော်များ ဖြစ်ကြ ကြောင်း အီရန် နိုင်ငံသားများ သည် နောက်ဆုံး ထွက် သက်၊ နောက်ဆုံး သွေးစက် ကျန်သည့် အထိ အစ္စလာမ်မစ်တော်လှန်ရေး ၏ ပန်းတိုင် များ နှင့် အခြေခံမှုများ အတွက် စတေးသွားမည် သူများ ဖြစ်ကြောင်း အီရန် ပြည်သူများသည် အမေရိကန် အစိုးရ ၏ ပိတ်ဆို့ အရေးယူမှု အားလုံးကို ရုပ်သိမ်းခြင်းထက် လျော့နည်းသည့် အရာကို လက်ခံမည် မဟုတ် ကြောင်း ဟောကြားခဲ့ပါတယ် ။
****************************************************************
END / 251