အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရောင်ဇာတော်များဆိုင်ရာ ပြန်လည် တည်ဆောက်ရေးဗဟိုဌာနချုပ်၏ ယဉ်ကျေးမှု ဒါရိုက်တာ မှ အီရတ် နိုင်ငံ နဂျဖ် ဖေအရှ်ရဖဖ် မြို့ ရှိ အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ) ၏ ရောင်ဇောတော် တွင် ဟဇရသ် ဖွာတွေမာ ဇဲဟ်ရာ (စ.အ) ရင်ပြင် အား သခင်မကြီး (စ.အ) ၏ မွေးနေ့ ရက်မြတ် အချိန် အခါတွင် ဖွင့်ပွဲ ကျင်းပ မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟဇရသ် ဖွာတွေမာ ဇဲဟ်ရာ (စ.အ) ရင်ပြင် တော်သည် ဟဇရသ် အလီ (အ.စ) ၏ရောင်ဇာတော် ၏ ရင်ပြင်တော် အဟောင်း ဘေးတွင် တည်ရှိပြီး ပြတိုက် မှ လွဲ၍ ပရောဂျက် အားလုံး သည် ၂ လအတွင်း အဆုံးသတ်ပြီးစီးပြီး သက်ဆိုင်ရာ ကို အပ်နှံမည် ဖြစ် ကြောင်း သိရှိရပါတယ်။
ရောင်ဇာတော်များဆိုင်ရာ ပြန်လည် တည်ဆောက်ရေးဗဟိုဌာနချုပ်၏ ယဉ်ကျေးမှု ဒါရိုက်တာ မှ ဆက်လက်ပြီး ဟဇရသ် ဇိုင်နဗ် (စ.အ) ရင်ပြင်တော် သည်လည်း သခင်မကြီး မွေးနေ့ တွင် အဆုံးသတ်ပြီးစီးမည် ဖြစ်ပြီး အနုစိတ် လက်ရာမြောက် ပန်းခက်များ အလုပ်များကို လည်း စတင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟဇရသ် ဖွာတွေမာ ဇဲဟ်ရာ (စ.အ) ရင်ပြင်တော် သည် အစ္စလာမ့် ဗိသုကာ လက်ရာ နှင့် မြင့်မြတ်သည် ရောင်ဇာတော်များ ဇေယာရသ်ပြုရမည့်နေရာများ ဆိုင်ရာ သမိုင်း တွင် အကြီးဆုံး မြို့ပြ အင်ဂျင်နီယာ ပရော ဂျက်များ မှ တစ်ခု ဖြစ် ကြောင်း မှတ်သား ထိုက်ပါတယ်။ ဤပရောဂျက်အား ဦးဆောင် သူမှာ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ဖြစ်ပါတယ်။
ဟဇရသ် ဖွာတွေမာ ဇဲဟ်ရာ (စ.အ) ရင်ပြင်တော် သည် ဧရိယာ စတုရန်း မီတာ ၆၀၀၀၀ ကျော် ရှိ ပြီး ရင်ပြင်တော် အဟောင်းထက် လေးဆပိုမို ၍ ကျယ်ဝန်းပြီး အထပ် ၄ ထပ် နှင့် ကျယ်ဝန်းသည့် မုတ်ပေါက်များ စွာ ပါဝင်ပါတယ်။ ဤရင်ပြင်တော် ဆိုင်ရာ ပရောဂျက် တွင် ဇေယာရသ် ပြုနိုင်ရန် အပြင် ၊ ရောင်ဇာတော်၏ ပြတိုက် နှင့် စာအုပ် တစ်သန်းခန့် ဆံ့သည့် စာကြည့် တိုက် ၊ စာသင်ခန်းများ နှင့် ဘာသာရေး ဆိုင်ရာ ဟောပြောပွဲများ အတွက် ခန်းမကြီး တစ်ခု၊ ကြီးမားသည့် နမာဇ်ဝတ်ပြုဆောင် တစ်ဆောင် နှင့် ဧည့် ရိပ်သာ ၊ ရောင်ဇာတော် ၏ ဝန်ထမ်းများ အတွက် သန့်စင်ခန်း နှင့် ထမင်းစားခန်း ထိုပြင် အခြား အစိတ်အပိုင်း များ ပါဝင် ကြောင်း သိရှိရပါတယ်။
****************************************************************
END / 251