အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကြည့်မြင်တိုင် သပိတ်စစ်ကြောင်းတွင် သတင်းလိုက်ပါယူရင်း ဖမ်းဆီးခံခဲ့ရသော သတင်းထောက်နှစ်ဦးအနက် သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း၏ ဒဏ်ရာရဓါတ်ပုံများကိုဖော်ပြကာ သေဆုံးပြီဆိုသည့် သတင်းများ ည ၁၀ နာရီ အချိန်ဝန်းကျင်မှစ၍ အွန်လိုင်းပေါ်၌ ပြန့်နှံ့လာခဲ့သည်။
အဆိုပါ သတင်းများနှင့်ပတ်သက်ပြီး မိသားစုဝင်တစ်ဦး၏ အတည်ပြုချက်မှာ " မမှူးဆုံးပြီဆိုပြီး မိသားစုဝင်တွေဆီဆက်သွယ်လာတယ်။ ညီမတို့လည်း ကိုယ်တိုင်မမြင်ရတဲ့အချိန်မှာ အဲ့လိုကြားလိုက်ရတော့ အရမ်းထူပူသွားတယ်။ နောက်တော့မှသိရတာက အစ်မကို အမှတ် (၂) စစ်ဆေးရုံမှာတင်ထားတယ်ပြောတယ်။ ကားနဲ့တိုက်လိုက်တဲ့အရှိန်ကြောင့် ဦးနှောက်ကိုပြင်းပြင်းထန်ထန်ထိသွားတဲ့အတွက် အသက်ရှင်ဖို့ ၁၀ ရာခိုင်နှုန်းပဲရှိတယ်၊ သေဆုံးနိုင်ခြေကတော့ ၉၀ ရာခိုင်နှုန်းဆိုပြီးပြောပါတယ်။ တခြားမိသားစုဝင်တွေကတော့ အခုလိုက်သွားကြတယ်၊ နယ်ကမိသားစုဝင်တွေကတော့ အခုညတွင်းချင်းကြီးဘာမှလုပ်မရလို့ မနက်ကြရင် ရန်ကုန်ကိုလာဖို့ပြင်ဆင်နေကြပါပြီ။ မနက်ဖြန်တော့ မိသားစုဝင်တွေနဲ့တွေ့ခွင့်ပေးမယ်ပြောပါတယ်။" ဟု ဖြစ်သည်။
ရန်ကုန်၊ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ယနေ့နံနက်ကပြုလုပ်ခဲ့သော ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို ကားဖြင့်ဝင်တိုက်ပြီး သေနတ်ဖြင့်ပစ်ခတ်ကာ အကြမ်းဖတ်ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူငါးဦးသေဆုံးကာ အနည်းဆုံး ၁၂ ဦးဒဏ်ရာရရှိခဲ့ပြီး ၁၅ ဦးဖမ်းဆီးခံရသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
သပိတ်စစ်ကြောင်းတွင် လိုက်ပါသတင်းယူခဲ့သည့် Myanmar Pressphoto Agency (MPA) ၏ ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်းနှင့် ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဦးမှာ ယခုအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း MPA သတင်းဌာနက ထုတ်ပြန်ထားသည်။
*********************************************************************
END / 251
MPA ၏ သတင်းထောက် မမှူးရတနာခက် မို့မို့ထွန်း သေဆုံးပြီဆို သည်မှာ သတင်းအမှားသာဖြစ်ကြောင်း မိသားစုဝင်များပြော
၇ ဒီဇင်ဘာ ၂၀၂၁ - ၂၀:၂၉
News ID: 1206318
ကြည့်မြင်တိုင် သပိတ်စစ်ကြောင်းတွင် သတင်းလိုက်ပါယူရင်း ဖမ်းဆီးခံခဲ့ရသော သတင်းထောက်နှစ်ဦးအနက် သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်း၏ ဒဏ်ရာရဓါတ်ပုံများကိုဖော်ပြကာ သေဆုံးပြီဆိုသည့် သတင်းများ ည ၁၀ နာရီ အချိန်ဝန်းကျင်မှစ၍ အွန်လိုင်းပေါ်၌ ပြန့်နှံ့လာခဲ့သည်။