အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး လက်ဖက်ရည်ဆိုင်အတွင်းသေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံထံမှ သိရသည်။
“စက်မှု ၁၃၂ လမ်းက လက်ဖက်ရည်ဆိုင်ထဲမှာ အပစ်ခံရတာပါ။ သေနတ်သမားက ခေါင်းကို တေ့ပစ်သွားတာလို့ပြောတယ်။ အခုက စစ်သား တွေရောက်နေတော့ အဲဒီအနား ကပ်မရဘူး။ ပွဲချင်းပြီး သေတယ်လို့ပဲ ပြောနေကြတာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။
သေဆုံးသူသည် ပြည်ကြီးတံခွန်မြို့နယ် (ဇ)ရပ်ကွက်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းဆိုသူဖြစ်ပြီး နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က သေနတ်ဖြင့် ဦးခေါင်းကို တေ့ပစ်ခံလိုက်ရခြင်းဖြစ်ကြောင်းသိရသည်။
“အုပ်ကြီးကို အိမ်ထဲအထိဘဝင်ပစ်တာလို့လည်းပြောသံကြားတယ်။ အိမ်ထဲဝင်ပစ်လို့ လက်ဖက်ရည်ဆိုင်ထဲဝင်ပြေးတာ အဲဒီမှာဆိုင်ထဲက တစ်ယောက်လည်း ထိသွားတယ်တဲ့။ အုပ်ကြီးကတော့ နေရာမှာတင်သေတာပါ။ နောက်တစ်ယောက်တော့ မသိဘူး” ဟု ဒေသခံနောက်ထပ်တစ်ဦးက ပြောသည်။
အခင်းဖြစ်စဉ်အတွင်း နောက်ထပ်တစ်ဦးလည်းသေနတ်ထိမှန် ဒဏ်ရာရထားပြီး အသေးစိတ်အခြေအနေကို မသိရသေးပေ။
****************************************************************
END / 251
၁၂ ဒီဇင်ဘာ ၂၀၂၁ - ၂၀:၀၇
News ID: 1207919
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး လက်ဖက်ရည်ဆိုင်အတွင်းသေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံထံမှ သိရသည်။