၁၄ ဒီဇင်ဘာ ၂၀၂၁ - ၁၇:၅၆
 ကိုလိုနီ အစ္စရေးဝန်ကြီး ချုပ် ယူအေအီးသို့ အလည်အပတ်ခရီးရောက်ရှိ

ကိုလိုနီ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက် မနေ့က အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံကို အလည်အပတ်ရောက်လာခဲ့ပြီး ဒါဟာ အလည်အပတ်ခရီးလည်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကိုလိုနီ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက် မနေ့က အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံကို အလည်အပတ်ရောက်လာခဲ့ပြီး ဒါဟာ  အလည်အပတ်ခရီးလည်း ဖြစ်ပါတယ်။

ဇီယွန်ဝါဒီ အစ္စရေးနိုင်ငံခါင်းဆောင် တစ်ဦး ယူအေအီးကို ပထမဆုံး လာရောက် ခြင်း ဖြစ်ပါတယ်။

ဘန်းနက်ဟာ ဒီကနေ့မှာ ယူအေအီးအိမ်ရှေ့မင်းသား ရှိက်ခ် မိုဟမ္မဒ် ဗင် ဇယဒ် အလ် နဟ်ယန်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းဖို့ အထူးသဖြင့် စီးပွားရေးနဲ့ ဒေသတွင်းကိစ္စကို ဆွေးနွေးသွားမယ်လို့ ဖီယွန် ဝါဒီ အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ပါလက်စတိုင်း နိုင်ငံ အား မတရား ကျူးကျော် ထားသည့် အစ္စရေးနဲ့ ယူအေအီးတို့ဟာ အမေရိကန်ရဲ့ ကြားဝင်​ညှိနှိုင်းပေးမှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ တရားဝင်ဆက်ဆံရေး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ခရီးသွားကဏ္ဍ၊ နည်းပညာတို့အပါအဝင် စီးပွားရေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမို မြင့်တက်လာခဲ့ပါတယ်။

မနေ့က ဘန်းနက်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ယူအေအီးဖက်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

၂၀၂၀ ခုနှစ်မှာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ အာရပ်၊ မွတ်စလင်နိုင်ငံ ၅ နိုင်ငံ ရှိပြီး ယူအေအီး၊ ဘာရိန်း၊ မော်ရိုကို၊ ဆူဒန်နဲ့ အိုမန်တို့ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေကတော့ သူတို့နယ်မြေကို ကျူးကျော်သိမ်းပိုက်ထားတဲ့ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တာဟာ နောက်ကျောကို ဓားနဲ့ထိုးတာလို့ ရှုတ်ချခဲ့ပါတယ်။

 မွတ်စလင်မ် နိုင်ငံများ အချင်းချင်း မညီညွတ်သည့် အတွက် အစ္စလာမ်ရန်သူ အမေရိကန် နှင့် နယ်ချဲ့ ကိုလိုနီ ဇီယွန်ဝါဒီ အစ္စရေး နှင့်  အပေါင်းအပါ မဟာနိုင်ငံများ မွတ်စလင်များ အပေါ် အနိုင်ကျင့် လုပ်ချင်တာ လုပ်နေရကြခြင်း ဖြစ်ပါတယ်။

*********************************************************************
END / 251