အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာ အရ စွန်နီ အာလင်မ် မေဒီးန် မော်လာဝီ အာဗစ်ဒ် နကီဘီ မှ မွတ်စလင်များ အကြား စည်းလုံးရေး ဖျက်အောင် ပြဿနာ ဖြစ်အောင် ပြုခြင်းသည် (အစ္စလာမ့်) ရန်သူများ ကို ပီတိဖြစ်အောင် ပြုလုပ်ခြင်း နှင့် အတူတူ ဖြစ်ကြောင်း အဲဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် စော်ကား ပုတ်ခတ်ခြင်း ကို တားမြစ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မော်လဝီ အာဗစ်ဒ် နကီဘီ မှ ကျွန်ုပ်တို့အနေဖြင့် ခေါင်းဆောင်ကြီး ရဲဟ်ဗရ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ ၏ ခေါင်းဆောင်မှု အရိပ်အောက်တွင် မိမိနိုင်ငံ အတွင်း ငြိမ်းချမ်းစွာ အေးချမ်း တည်ငြိမ် စွာ နေထိုင်နေရသည့် အတွက် ဝမ်းမြောက် ပီတိ ဖြစ်သင့်ကြောင်း ဆယ်စုနှစ် များစွာ ကပင် ရဲဟ်ဗင်အနေဖြင့် စွန်နီများ အလေးအမြတ်ထားသည့် ပုဂ္ဂိုလ်များ နှင့် အရာများ ကို စော်ကားခြင်းသည် တရားတော်အရ ဟရာမ် (မပိုင်ကြောင်း ) မိန့်ကြား လာခဲ့တာ ဖြစ်ကြောင်း ပြီးနောက် မိမိ ၏ ဆုံးမသြဝါဒများအားလုံး နှင့် မိန့်ခွန်းများ တွင် မွတ်စလင်များ (စွန်နီ +ရှီအာ ) အချင်းချင်း အကြား စည်းလုံးညီညွတ်ရေး ကို လက်တွေ့ အကောင် အထည် ဖော် ကြရန် တိုက်တွန်း အလေးပေး မိန့်ကြား ခဲ့ကြောင်းကို ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251