၂၂ ဒီဇင်ဘာ ၂၀၂၁ - ၁၉:၁၅
ရိုဟင်ဂျာတွေ ရဲ့ မူလနေရာဟောင်း တွေစနစ် တကျသိမ်းယူ ခံထားရ တယ်လို့ ရိုက်တာ အစီရင်ခံစာ ဖော်ပြ

ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ရိုက်တာရဲ့ထုတ်ပြန်ချက်အစီရင်ခံစာထဲမှာ မြန်မာအစိုးရဟာ ယခုဘင်္ဂလားဒေ့ရှ်မှာနေထိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်၇သိန်းကျော် ရခိုင်ပြည်နယ်ပြန်ဖို့အတွက် မဖြစ်နိုင်တဲ့အခြေအနေတွေ ကိုဖန်တီးဖို့တမင်ရည်ရွယ်ထားတဲ့လုပ်ဆောင်ချက်တွေကိုဆောင်ရွက်နေခဲ့တယ်လို့ ကောက်ချက်ချထားပါတယ်။ အဓိကကျတဲ့လုပ်ဆောင်ချက်သုံးချက်ကိုဖော်ပြလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ရိုက်တာရဲ့ထုတ်ပြန်ချက်အစီရင်ခံစာထဲမှာ မြန်မာအစိုးရဟာ ယခုဘင်္ဂလားဒေ့ရှ်မှာနေထိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်၇သိန်းကျော် ရခိုင်ပြည်နယ်ပြန်ဖို့အတွက် မဖြစ်နိုင်တဲ့အခြေအနေတွေ ကိုဖန်တီးဖို့တမင်ရည်ရွယ်ထားတဲ့လုပ်ဆောင်ချက်တွေကိုဆောင်ရွက်နေခဲ့တယ်လို့ ကောက်ချက်ချထားပါတယ်။ အဓိကကျတဲ့လုပ်ဆောင်ချက်သုံးချက်ကိုဖော်ပြလိုက်ပါတယ်။


၁။ ဘူဒိုဇာနဲ့ထိုးချဖျက်ဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာကျေးရွာနေရာတွေမှာအိမ်အသစ်ရာပေါင်းများစွာဆောက်လုပ်ခဲ့ပါတယ်။

အိမ်အသစ်တွေမှာ ရခိုင်ပြည်နယ်တစ်ခြားဒေသတွေက ဗုဒ္ဓဘာသာဝင်တွေလာရောက်နေထိုင်နေကြတယ်လို့ ဂြိုလ်တုပုံရိပ်တွေ ပြန်လည်နေရာချထားရေးပေါ်လစီရဲ့တာဝန်ရှိ အမျိုးသားနဲ့နိုင်ငံတော် အဆင့်အစိုးရ တာဝန်ရှိ သူတွေနဲ့ အင်တာဗျူးတွေမှာဖော်ပြနေပါတယ်။ ဒါ့အပြင် အဲဒီပတ်ဝန်းကျင်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဟာအဆောက်အဦးအသစ်တွေဆောက်လုပ်နေတာပဲဖြစ်ပါတယ်။


၂။ အဲဒီဒေသဝန်းကျင်တွေမှာပြန်လည်နေရာချနေထိုင်ဖို့ကို ဒေသတွင်းဗုဒ္ဓဘာသာကြီးစိုးရေးထူထောင်ဖို့ဆန္ဒရှိတဲ့ ဗုဒ္ဓဘာသာအမျိုးသားရေးသမားတွေကဦးဆောင် တွန်းအားပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြည်နယ်ရဲ့လူဦးရေပမာဏပြောင်းလဲနိုင်ဖို့အစီအစဉ်တွေဟာ ပြီးခဲ့တဲ့စစ်အစိုးရလက်ထက် ဒေသတွင်းဗုဒ္ဓဘာသာအရေအတွက်ကိုအားပေးထောက်ခံဖို့ ပြန်လည်နေရာချထားရေးပေါ်လစီတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ တက်ကြွစွာဆက်လက်လုပ်ဆောင်နေမှုနဲ့အတူ ဆယ်စုနှစ်ပေါင်းများစွာကြာနေခဲ့ပြီဖြစ်ပါတယ်။


၃။ ရိုက်တာသတင်းဌာနကရရှိခဲ့တဲ့ မြန်မာအစိုးရရဲ့ လူသိရှင်ကြားထုတ်ပြန်ခြင်းမပြုခဲ့တဲ့ပြန်လည်နေရာချထားရေးအစီအစဉ်မှာ ပြန်လာမဲ့ရိုဟင်ဂျာဒါဇင်ပေါင်းများစွာဟာ ကျန်တဲ့လူဦးရေနဲ့ အတင်း အဓ္ဓမသီးခြားခွဲထုတ်ခံထားရမယ်ဆိုတာကို  ပြသနေပါတယ်။အစီရင်ခံစာတစ်ခုလုံးဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကကျန်ရှိတဲ့ရိုဟင်ဂျာအဖွဲ့အစည်းတွေရဲ့လက်တွေ့မြေပြင်ကအခြေအနေတွေနဲ့ ပြန်လာမဲ့ရိုဟင်ဂျာ မွတ်စလင်တွေ ဘာတွေရင်ဆိုင်ရမယ်ဆိုတာကိုနားလည်ဖို့မျှော်လင့်နေတဲ့ဘယ်သူ့အတွက်မဆို မဖြစ်မနေဖတ်ဖို့လိုအပ်ပါတယ်။

စစ်တပ်ရဲ့ရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာမွတ်စလင်တွေအစုလိုက်အပြုံလိုက်ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ စစ်တပ်ကတော့သူတို့ဟာ ARSA သောင်းကျန်း သူတွေကို အမြစ်ပြတ်ရှင်း လင်း တဲ့စစ်ဆင်ရေးလို့သာဆိုထားပါတယ်။


ဒါပေမယ့်လည်း အရှေ့တောင်အာရှရဲ့စောင့်ကြည့်လေ့လာရေးအဖွဲ့ Fortify Rights အဖွဲ့ရဲ့ ဇူလိုင်လအစီရင်ခံစာထဲမှာ  လူမျိုးတုံး သတ်ဖြတ်ဖို့ပြင်ဆင်မှုတွေ နဲ့လူသားမျိုးနွယ် အပေါ်ရာဇဝတ်ကျူးလွန်မှုတွေလုပ်ဆောင်မဲ့ စစ်တပ်ကမ်းပိန်းမစခင် လပိုင်းအလိုကမြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ပြင်ဆင်မှုအမြောက်အများလုပ်ဆောင်ခဲ့တယ်လို့ ပြတ်ပြတ်သားသားကြေငြာခဲ့ပါတယ်။


၂၀၁၇ အကြမ်းဖက်မှုတွေကို ကုလနဲ့အမေရိကန်လွှတ်တော်အမတ်များအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအများအပြားက “လူမျိုးတုံးသတ်ဖြတ်မှု” ဒါမှမဟုတ် “လူမျိုးတုံးသတ်ဖြတ်ရည်ရွယ်မှု” အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။


Coconuts သတင်းဌာနပါ “Point of no return: Reuters report shows systematic takeover of former Rohingya areas” အမည်ဖြင့်ဖော်ပြထား သည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

****************************************************************
END / 251