အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနယ်စပ်အနီး အိန္ဒိယနိုင်ငံဘက် မီဇိုရမ်ပြည်နယ်မှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ စစ်ပွဲသုံးလို ပစ္စည်းတွေ သိုလှောင်ထားတဲ့ ပမာဏ အများအပြားကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇန်နဝါရီ ၁ ရက်မှာပြောတဲ့အကြောင်း အိန္ဒိယတူဒေးသတင်းမှာဖော်ပြပါတယ်။
သတင်းအရ အာသံရိုင်ဖယ်တပ်ဟာ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့နဲ့အတူ ဆီအာဟာခရိုင်ရှိ မော့ရေရွာဧရိယာမှာ စစ်ဆင်ရေးတစ်ခုကို ဒီဇင်ဘာလ ၃၁ ရက်မှာ စတင်ခဲ့ပါတယ်။
နယ်စပ်ရှိ ဆီအာဟာခရိုင်မှာ ဂျယ်လက်တင်အတုံး ၃၉၅ ကီလိုဂရမ်နဲ့ ပေါက်ကွဲ စေတတ်တဲ့ အရည် ၈၁ ကီလိုဂရမ်တို့အပြင် Belox granular ဖောက်ခွဲရေးပစ္စည်း ၉၄ ကီလိုဂရမ်၊ သေနတ်ပြုလုပ်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေ၊ ကျည်ဆန်တွေ၊ ပြင်းအားမြင့် ဖောက်ခွဲရေး ယန္တရားတစ်ခု၊ ခဲအက်ဆစ်ဘက်ထရီတွေ၊ ဖောက်ခွဲစက်နှစ်လုံးနဲ့ နိုင်ငံခြားမှ ဆက်သွယ်ရေး စက်တွေအပါအဝင် တခြားပစ္စည်းတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရမိ ခဲ့ပါတယ်။
အဲဒီနောက် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေကို ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လက်နက်နဲ့ စစ်သုံးပစ္စည်း အလားသဏ္ဍာန်တူ ပစ္စည်းတွေကို မှောင်ခိုရောင်းချမှုဟာ အထူးသဖြင့် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် မီဇိုရမ်ပြည်နယ်အတွက် အဓိကစိုးရိမ်မှုတစ်ခုဖြစ်နေပြီလို့ အိန္ဒိယတူဒေးသတင်းမှာ ဖော်ပြထားပါတယ်။
****************************************************************
END / 251
၃ ဇန်နဝါရီ ၂၀၂၂ - ၂၀:၂၉
News ID: 1215343