၂၀ ဇန်နဝါရီ ၂၀၂၂ - ၁၃:၀၆
အီရန်အစ္စလာမ်မစ် နိုင်ငံသည် တစ် ကမ္ဘာလုံး နှင့် အတူ မျှတသည့် မူဝါဒ ကို ချမှတ် နိုင်ပြီး အသက်သွင်း နိုင်ရန် လိုလား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ နိုင်ငံရပ်ခြားတွင် နေထိုင်နေသော အီရန်နိုင်ငံသားများသည် အီရန် သံတမန်များ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahartv သတင်းဌာန ၏ သတင်း အထောက်များ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ မနေ့ည က ရုရှားနိုင်ငံ နေ အီရန် နိုင်ငံသား များ နှင့် ပြု လုပ်သည့် အစည်းအဝေး ပွဲ တွင် နိုင်ငံရပ်ခြားတွင် နေထိုင်နေသော အီရန်နိုင်ငံသား များသည် ကျွန်တော် တို့ ၏ သံတမန်များ ဖြစ်ကြောင်း ဤအတွက်ကြောင့် ကမ္ဘာ မည်သည့် နေရာတွင် နေထိုင်၊ နေထိုင် အီရန် နိုင်ငံ ၏တိုးတက်ရေး ဖွံ့ဖြိုးရေး ကိစ္စ အတွက် အာရုံစိုက်သင့်ကြောင်း ဤအတွက် အားသွန်ခွန်စိုက် အပြည့် အဝ ကြိုးစား ရမည် ဖြစ်ကြောင်း အလေးပေး မိန့်ကြား ခဲ့ပါတယ်။

အီရန်သမ္မတ မှဆက်လက်ပြီး မိမိနှင့်ရာထူးတူ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် နှင့် လက်ရှိ တွေ့ဆုံ မှု ဘက်သို့ ရည်ညွန်း ပြီး နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်း ဆာင်ရွက်မှု ကို မြှင့်တင်ရေး နှင့် ဖွံ့ ဖြိုးတိုးတက်ရေး ဆိုင်ရာလမ်းကြောင်း အတွက် အတားအဆီးများ နှင့် ပြဿနာ အခက်အခဲများ ကို ဖယ်ရှား နိုင်ရန် လေးနက်သည့် ရည်ရွယ်ချက် ထားရှိ ထားကြောင်း ကိုလည်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး နှစ်နိုင်ငံအကြား တူညီသည့် စိုးရိမ်ပူပန်မှုများ စီးပွားရေး နှင့်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို သမ္မတ ပူတင်နှင့် ဆွေးနွေးခဲ့ကြောင်း ဒေသတွင်းနှက့် နိုင်ငံတကာ ကိစ္စရပ်များ တွင် အီရန် နှင့် ရုရှား နိုင်ငံ တို့၏ ခိုင်မာသည့် အခန်းကဏ္ဍ ကို ပြန်လည် သုံးသပ် ခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ၏ သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ နှစ်နိုင်ငံ အာဏာပိုက်များ အနေဖြင့် ကိစ္စများ ကို ဖြေရှင်းနိုင်ရေး ၊ ဆက်ဆံရေးကို မြှင့် တင်ရေးကို ကြိုးပမ်း နေကြောင်း လည်း မိန့် ကြားခဲ့ပါတယ်။

 

ဆက်လက်မကြာသေးမီအချိန်အတွင်း အချို့ နိုင်ငံများ နှင့် ဆက်ဆံရေး တိုးတက် မြှင့်မားရေး ကို တည်ဆောက်နေသည့်ဘက်သို့ ညွန်း၍ ကျွန်တော်တို့ နိုင်ငံ၏ တာဝန်ရှိ သူ အာဏာ ပိုင်များ နှင့် အီရန် ကုန်သည်များ ၏ကြိုးပမ်း မှု ကြောင့် ပို့ကုန်များ တိုးတက်လာကြောင်း ကိန်းဂဏန်းများ ကို ကြည့်၍ သိနိုင်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန် အစ္စလာမ်မစ်သမ္မတ မှ ကျွန်ုပ်တို့ ၏ မူဝါဒ သည် တစ်ကမ္ဘာလုံး နှင့်မျှတသည့် မူဝါဒတစ်ရပ် ကို ချမှတ်ပြီး အီရန် နှင့် ရုရှား နှစ်နိုင်ငံ၏ အာဏာပိုင်များ ၏ စွမ်းရည် ကို အသက်သွင်း လိုကြောင်း မိန့် ကြားခဲ့ပါတယ်။

****************************************************************

END / 251