အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် အုန်းပင်ရွာ ဘုန်းကြီးကျောင်းမှ ဦးပဉ္စင်း တစ်ပါးဖြစ်သော အရှင်ကောဝိဒ (ရွှေအုန်းပင်) ကို စစ်တပ်က အင်အား အများအပြားဖြင့် ဝင်ရောက် ရှာဖွေခဲ့သော်လည်း လွတ်မြောက်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်တွင် စစ်တပ်က အင်အား ၆၀ နီးပါးဖြင့် ဝင်ရောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်ဟု လွတ်မြောက်ခဲ့သည့် ဦးပဉ္စင်း အရှင်ကောဝိဒက ဆိုသည်။
“ဟန်ငြိမ်းဦးက တင်လိုက်တယ်ဆိုပြီး ဦးပဉ္စင်းကို ဒကာတွေ လှမ်းပြောတဲ့ အချိန်မှာ ချက်ချင်း ရှောင်လိုက်တယ် “ ဟု ဦးပဉ္စင်းက မိန့်သည်။
စစ်တပ် လော်ဘီ ဟန်ငြိမ်းဦး၏ telegram channel တွင် "ကတုံးအတုရဲ့ လိပ်စာရပါပြီ။ တောင်ဒဂုံက ရွှေဘတို့ရေ၊ မပြေးခင် မြန်မြန်လေးသာ လှုပ်ရှားလိုက်တော့ဗျာ။ တောခို အကြမ်းဖက် ဟားငါးကောင်နဲ့လည်း ချိတ်တွေနော်။ အမျိုးသမီးတွေကို ကိတ်မုန့်ခွံကျွေးခြင်း၊ ပေါင်ပေါ်မှာ လက်တင်ထားခြင်း၊ လိုင်းပေါ်မှာ ဆဲဆို ရိုင်းစိုင်းတာတွေ တင်နေခြင်း၊ NUG PDF များကို အားပေးအားမြှောက် ပြုလုပ်ခြင်း၊ ဆွဲမယ်ဆို အများကြီးပဲ " ဟု ရေးသားထားသည့် ပို့စ် တက်လာပြီးသည့်နောက် ယခုကဲ့သို့ စစ်တပ်က ရှာဖွေ ဖမ်းဆီးခြင်း ဖြစ်သည်။
‘’အဲ့ဒီ အချိန် ဦးပဉ္စင်းမှာ နေရာနှစ်ခု ရှိတာက ခရမ်းမြို့နယ် အုန်းပင်ကျေးရွာက မိခင်ကျောင်းတိုက်နဲ့ ရန်ကုန် ဒဂုံဆိပ်ကမ်းက ရွှေအုန်းပင် သာသနာပြုကျောင်း ဆိုတဲ့ နှစ်ကျောင်းပေါ့ “ ဟု ဦးပဉ္စင်းက မိန့်သည်။
အဆိုပါ ကျောင်း နှစ်ကျောင်းမှ ရန်ကုန်တောင်ဒဂုံ ဆိပ်ကမ်းရှိ ကျောင်းကို စစ်တပ်က ကားနှစ်စီး အင်အား ၃၀ ခန့်ဖြင့် ဖေဖော်ဝါရီလ ၆ ရက်နေ့ည ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် အရင်ဝင်စီးပြီး ခရမ်းမြို့ အုန်းပင်ကျေးရွာကျောင်းကို ည ၁၁ နာရီခန့်တွင် စစ်ကားနှစ်စီး ၊ ရဲကားတစ်စီး၊ အင်အား ၆၀ ခန့်ဖြင့် ဝင်စီးကာ မွှေနှောက် ရွာဖွေခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ စီးနင်းစဉ်အတွင်း ဘုန်းကြီးကျောင်းသားများနှင့် ကျေးရွာအတွင်းရှိ ပြည်သူများကို ခေါ်ယူ ခြိမ်းခြောက် စစ်ဆေးမှုများ ရှိခဲ့သည်။
“အမှုဖွင့်ထားတယ်တော့ ကြားထားတယ်။ PDF အဖွဲ့တွေကို ထောက်ပံ့မှုတွေ NUG နဲ့ ပတ်သက်မှုတွေကို သူတို့ သင်္ကာမကင်း ဖြစ်ပြီးတော့ လိုက်တယ်ပေါ့။ ပုဒ်မတော့ မသိထားဘူး” ဟု ဦးပဉ္စင်းက ပြောသည်။
စစ်တပ်က ဖမ်းဆီးထိန်းသိမ်းရန် ကြိုးစားခဲ့သည့် ဦးပဉ္စင်းသည် လူမှုကွန်ရက် စာမျက်နှာတွင် အရှင်ကောဝိဒ (ရွှေအုန်းပင်) အမည်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများ ဆက်တိုက် ရေးသား တော်လှန်နေသည့် ဦးပဉ္စင်းတစ်ပါး ဖြစ်သည်။
အသက် မသေမချင်း စစ်အာဏာရှင် စနစ် ကျရှုံးပြီး ဒီမိုကရေစီစနစ် ပြန်လည် ရရှိသည်အထိ စစ်အာဏာရှင် တော်လှန်ရေးတွင် ဆက်လက် ပါဝင်သွားမည်ဟု ဦးပဉ္စင်းက မိန့်သည်။
****************************************************************
END / 251
လူမှုကွန်ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးစာများ ရေးသည့် ဦးပဉ္စင်း စစ်တပ်အင်အားသုံး ဖမ်းဆီးမှုမှ လွတ်မြောက်ခဲ့
၈ ဖေဖော်ဝါရီ ၂၀၂၂ - ၂၀:၃၇
News ID: 1227535
ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် အုန်းပင်ရွာ ဘုန်းကြီးကျောင်းမှ ဦးပဉ္စင်း တစ်ပါးဖြစ်သော အရှင်ကောဝိဒ (ရွှေအုန်းပင်) ကို စစ်တပ်က အင်အား အများအပြားဖြင့် ဝင်ရောက် ရှာဖွေခဲ့သော်လည်း လွတ်မြောက်ခဲ့သည်။