၁၀ ဖေဖော်ဝါရီ ၂၀၂၂ - ၁၉:၅၂
မန်တလေး သံဃာ့သမဂ္ဂ သပိတ်စစ်ကြောင်းက ဆရာတော် ၁ ပါး ဖမ်းဆီးခံရ

စစ်အာဏာရှင်စနစ် ပြုတ်ကျရေး စဉ်ဆက်မပြတ် သပိတ်မှောက်ဆန္ဒပြနေတဲ့ မန္တလေး သံဃာ့သမဂ္ဂ သပိတ်စစ်ကြောင်းက ဆရာတော်တပါး ဖေဖော်ဝါရီ ၉ ရက် ညပိုင်းက ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်အာဏာရှင်စနစ် ပြုတ်ကျရေး စဉ်ဆက်မပြတ် သပိတ်မှောက်ဆန္ဒပြနေတဲ့ မန္တလေး သံဃာ့သမဂ္ဂ သပိတ်စစ်ကြောင်းက ဆရာတော်တပါး ဖေဖော်ဝါရီ ၉ ရက် ညပိုင်းက ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရတဲ့ ဆရာတော်ဦးစန္ဒိမာဟာ သင်္ဂဇာကျောင်းတိုက်မှာ သတင်းသုံးတာဖြစ်ပြီး  စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့  ဝင်ရောက်ဖမ်းဆီးတာလို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၀ ရက် မနက် ၁ နာရီကလည်း  စစ်ကောင်စီတပ်သားတွေ ကား ၇  စီးနဲ့ မစိုးရိမ်တိုက်သစ်ကိုရောက်လာပြီး ပိတ်ထား​​တဲ့ ကျောင်းတိုက်တံခါးကို အုတ်တံတိုင်း​ကျော်ဝင်ရောက်လာကာ  ကိုယ်တိုင်သော့ဖွင့် ဝင်ရောက်ပြီး ဆရာတော်တပါးကို ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

****************************************************************
END / 251