၁၇ ဖေဖော်ဝါရီ ၂၀၂၂ - ၁၉:၁၂
လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ပါက ကျပ်သိန်း ၈၀ ပေးမည်ဟု ကျောက်ထု PDF ဖိတ်ခေါ်

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ လက်နက်ခဲယမ်းအပြည့်အစုံယူဆောင်လာပြီး ပြည်သူတွေဆီမှာ အလင်းဝင်မယ်ဆိုရင် တစ်ယောက်ကို ကျပ် သိန်း ၈၀ အထိ ပေးအပ်ချီးမြှင့်သွားမယ်လို့ ကျောက်ထု PDF တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

 
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ





စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားနဲ့ ရဲတွေအနေနဲ့ လက်နက်ခဲယမ်းအပြည့်အစုံယူဆောင်လာပြီး ပြည်သူတွေဆီမှာ  အလင်းဝင်မယ်ဆိုရင် တစ်ယောက်ကို ကျပ် သိန်း ၈၀ အထိ ပေးအပ်ချီးမြှင့်သွားမယ်လို့ ကျောက်ထု PDF တပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုထုတ်ပြန်လိုက်တာဟာ NUG အစိုးရရဲ့ ချီးမြှင့်မယ့်ငွေကြေးထက် ပိုမိုများပြားနေပြီး NUG အစိုးရကတော့ အဲဒီလိုဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တယောက် ကျပ် သိန်း ၅၀ အထိ ပေးအပ်ချီးမြှင့်မယ်ဆိုပြီးတော့ ကြေညာခဲ့တာပါ။

အခုလို လက်နက်အပြည့်အစုံနဲ့ ပြည်သူတွေဆီ အလင်းဝင်ရောက်လာမယ့်သူတွေကိုလည်း လွတ်မြောက်နယ်မြေအထိ ကူညီပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့လည်း ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထုတ်ပြန်ထားတဲ့ ကျောက်ထု PDF အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

****************************************************************
END / 251