၁၇ ဖေဖော်ဝါရီ ၂၀၂၂ - ၂၀:၂၁
ယင်းမာပင်မြို့နယ်ရှိ ရွာများကို စစ်ကောင်စီတပ် ဝင်နေ၍ ဒေသခံများစွာ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်ရှိ ကျေးစာကျရွာ ၊ အုံတုံပင်ရွာ နှင့် ဘိန်းနွယ်ချောင် ရွာများကို စစ်ကောင်စီတပ် အင်အား ၄၀ ခန့် က ဝင်ရောက် မီးရှို့ခြင်းများကြောင့် ပြည်သူများစွာ ထွက်ပြေး တိမ်းရှောင် နေရသည်ဟု ဒေသခံများက ပြောသည်။

 
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်ရှိ ကျေးစာကျရွာ ၊ အုံတုံပင်ရွာ နှင့် ဘိန်းနွယ်ချောင် ရွာများကို စစ်ကောင်စီတပ် အင်အား ၄၀ ခန့် က ဝင်ရောက် မီးရှို့ခြင်းများကြောင့် ပြည်သူများစွာ ထွက်ပြေး တိမ်းရှောင် နေရသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီမှ စတင်ကာ အဆိုပါ ရွာများသို့ စစ်ကောင်စီတပ်က ဝင်ရောက်ခြင်း ဖြစ်သည်။

” ဒီကနေ့ မနက်ကတည်းက စစ်ဘေးရှောင် နေရတယ်ဗျ။ ဘိန်းနွယ်ချောင်ရွာ အုပ်စု ထဲက ပြည်သူပိုင်နေအိမ် သုံးလုံးကိုလည်း မီးရှို့ သွားတယ်ဗျ။ မီးက ဆက်လောင်နေတုန်း ထင်တယ် ၊ မီးခိုးတွေတော့ ထွက်နေတာ မြင်နေရဆဲ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ကျေးရွာများသည် စစ်ကောင်စီ တပ်များ၏ မီးရှို့ ခြင်းနှင့် ရှောင်တခင် ဝင်ရောက် စစ်ဆေးခြင်းများ မကြာခဏ ပြုလုပ်ခံရသည့် ရွာများ ဖြစ်သည်။

****************************************************************
END / 251