အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အေစ်နာသတင်းဌာန ၏ သတင်း အထောက်အထားများအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ အစိုးရ ၏ ပြောရေးဆိုခွင့် ရှိသူ အလီဗဟာဒရီ ဂျဲဟ်ရမီ မှ မိမိ၏ Twitter စာမျက်နှာ တွင် အမေရိကန် နိုင်ငံ အပေါ် ယုံကြည်ပေးခြင်းသည် လုံခြုံရေး ကို ဖြစ်စေမည် မဟုတ်ကြောင်း နှင့် စစ်သည် မည်သည့် ပြဿနာ အတွက် မှ အဖြေ မဟုတ်ကြောင်း ရေးသားထားပါတယ်။
ဤအတောအတွင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှင့် တယ်လီဖုန်း နှင့် စကားပြောဆိုရင်း နေတိုးအဖွဲ့ ၏ အရှေ့ ဥရောပ အထိရောက်ရှိ ရောက်ရှိကျယ်ပြန့်လာမှု သည် တင်းမာမှု အတွက် အရင်းအမြစ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အခြားတစ်ဖက်တွင်လည်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ ယူကရိန်း အကြပ်အတည်း နှင့်ပတ်သက်ပြီး မိမိ၏ Twitter စာမျက်နှာ တွင် မိမိအနေဖြင့် စစ် ပွဲသည် မည်သည့် ပြဿနာ အတွက် အဖြေ မဟုတ်ကြောင်း စစ်ပွဲ ရပ်စဲရေး မဖြစ်မြောက်ရေး အတွက် ရပ်တည်ပြီး နိုင်ငံရေး နှင့် ဒီမိုကရေစီ နည်းကျ အဖြေရှာခြင်းကို အလေးပေး အာရုံစိုက် ခြင်းသည် အချိန်ကာလ ၏ အရေး အကြီးဆုံး လိုအပ်ချက် ဖြစ်ကြောင်း ရေးသားထားပါတယ်။
ဤအတောအတွင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဌာန ၏ ပြောရေးဆိုခွင့် ရှိသူ စအီးဒ် ခသီးဗ်ဇါဒေဟ် မှ လည်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီးဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ ကိယက်ဗ် မြို့ တွင် အီရန် သံအမတ် နှင့်တယ်လီဖုန်းဖြင့် စကား ပြောကြားခဲ့ပြီး အီရန်နိုင်ငံသားများ အီရန် ကျောင်းသူ၊ ကျောင်းသား နှင့်ပတ်သက်ပြီး အထူးညွှန် ကြားချက်များကို ပေးခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။
၎င်း မှဆက်လက်ပြီး ရုရှားနှင့်ယူကရိန်း အကြပ်အတည်း ပြဿနာ ကိစ္စ အတွက် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး မှ မိမိ သံ အမတ်ကြီး အား အရေးပေါ် အခြေအနေတွင် အီရန် နိုင်ငံသားများအား ၂၄ နာရီ ဝန်ဆောင်မှု ပေးရန် ညွှန်ကြားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251