၂၅ ဖေဖော်ဝါရီ ၂၀၂၂ - ၀၉:၅၅
ဖလမ်းမြို့နယ်တွင် ထောက်ပို့ယာဉ်တန်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးဟု CNDF ဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ထင်းရှူးစခန်းကျေးရွာ အနီးတွင် ထောက်ပို့ ယာဉ်တန်းအား ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း ချင်းအမျိုးသား အဖွဲ့ချုပ် Chin National Organization က ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ထင်းရှူးစခန်းကျေးရွာ အနီးတွင် ထောက်ပို့ ယာဉ်တန်းအား ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း ချင်းအမျိုးသား အဖွဲ့ချုပ် Chin National Organization က ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်တွင် စစ်ကားအစီး ၃၀ ဖြင့် အင်အား ၂၀၀ ဝန်းကျင်ပါသော စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တို့ ကြိုတင် သတင်းရထားတဲ့ အတွက် ရှေ့ကနေ လမ်းရှင်းဖို့ ခြေလျင်တက်လာတဲ့ သူတွေနဲ့ ကားတန်းကို စောင့်ကြို တိုက်ခိုက်ခဲ့ကြတာပါ” ဟု ချင်းအမျိုးသား ကာကွယ်ရေး တပ်မတော် CNDF ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

ယာဉ်တန်းရှေ့မှ လမ်းကြောင်းရှင်းရန် တက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား မိုင်းဆွဲခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့တပ်ဖွဲ့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တန်းသည် ယနေ့ နေ့လည်ပိုင်းတွင် လုံဘန်းကျေးရွာကို ကျော်လွန်၍ ပါသဲကျေးရွာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း ဖလမ်းမြို့ အခြေစိုက် ခလရ (၂၆၈) စစ်ကောင်စီတပ် အတွက် ရိက္ခာပို့ပြီး ပြန်လာသော ယာဉ်တန်းအား လုံခြုံရေး ယူပေးသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပဒေသာမိုင်း ထိသောကြောင်း သုံးဉီး သေဆုံးပြီး ဒဏ်ရာရသူ များပြားခဲ့ကြောင်း သိရသည်။

****************************************************************
END / 251