အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟောင်ဇဟ် သတင်းဌာန ၏ သတင်း အထောက်အထားများ အရ H.I မိုဟ်စင်ကွမ်းမီ အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ်တော်များကို အကိုးအကား ပြု ပြီး အန်ဗယာ (အ.စ) သည် မနုဿ လူသားတို့၏ ဥာဏ် များမစွမ်းဆောင်နိုင်သည့် အရာများ ကိုသင်ကြား ပို့ချ ပေးရန် စေလွတ် ခံခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မိုဟ်စင်ကွမ်းမီ မှဆက်လက်ပြီး အန်ဗီယာ (အ.စ) ၏လမ်းစဉ် တွင် ရှိသမျှ စာမတတ် ပေမတတ်လူသားများ နှင့် ဂျဟေလ်များရှိပြီး ၎င်းတို့အားလုံး အနေဖြင့် အန်ဗီယာ (အ.စ) ရှေ့ တွင် တပည့်ခံ သင့်ကြောင်း အလ်မွတ်စ်သဖွာ (ဆွ) အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် သည် လူသားမျိုးနွယ် အတွက် ကြီးမားသည့် အရင်းအနှီး တစ်ခု ဖြစ်ကြောင်း နှင့် အခြေခံ အုတ်မြစ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မိုဟ်စင်ကွမ်းမီ မှဆက်လက်ပြီး အလ်မွတ်စ်သဖွာ (ဆွ) အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် သည် ကြီးမားသည့် အရင်းအနှီး တစ်ခု ဖြစ်ကြောင်း ၎င်း၏ အမြစ်များသည် နှစ်ပေါင်းသက်တမ်း ၁၀၀၀ ရှိကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ အရိပ် နှင့် လမ်းညွှန်မှု၊ညွှန်ကြားမှု အောက်တွင် လူမျိုး ပေါင်းစုံမှ မှ အိုလမာ နှင့် ဂုဏ်သရေရှိ သာသနာ့ကျောင်းသားများ ကိုဧည့် သည် အဖြစ် လက်ခံ အအကျိုးပြုနေကြောင်းထိုမှသာ ၎င်း အလ်မွတ်စ်သဖွာ (ဆွ) အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် ကျောင်းသား ၊ ကျောင်းသူများ မှ အန်ဗီယာ (အ.စ) ၏လမ်းစဉ် ကို ဆက်လျက် ရှင် သန်စွာ ထား နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မိုဟ်စင်ကွမ်းမီ မှဆက်လက်ပြီး အလ်မွတ်စ်သဖွာ (ဆွ) အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် မှ အစ္စလာမ့်ယဉ်ကျေးမှု အသစ်များ နားလည် သဘောပေါက်နိုင်ရန် ကြိုးစားသင့်ကြောင်း မနုဿ လူသားအနေဖြင့် သဘာဝအရ နားလည် နိုင်မည် မဟုတ်ကြောင်း ၊ ၎င်း အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် ၊ ရီဝါယသ် တော်များ နှင့် အဲဟ်လေ့ဘိုက် (အ.စ) ၏ မဇ်ဟဗ် (ရှီအာမဇ်ဟဗ်) ၏သွန်သင်ချက်များ ဖြင့် လောကကို သိရှိမည်ဖြစ်ပြီး ဤအတွက် လူသားပီသ မှု အတွက် လိုအပ်ချက်များ ကို အထူး ဂရုပြု ပေးရန် အရေးကြီး လိုအပ် ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြောကြားသည်မှာ မီဒီယာ နှင့် ဆိုက်ဘာစပေ့ သည် လူသားများ ကို မဇ်ဟေ် နှင့် ၎င်း၏ အခြေခံ များ ဝေးကွာအောင် ကြိုးပမ်းနေကြောင်း ဟောလိဝုဒ် နှင့် လူသား၏ ခေတ်သစ် တွေးခေါ်မှု ကို နောက်ဆုံး ခေတ်ကာလ အား ကြောက်လန် လာအောင် ကြိုးပမ်း နေကြောင်း အမှန်တကယ် နောက်ဆုံး ခေတ်ကာလ သည် မနုဿ လူသား ၏ အသိုင်းအဝိုင်းများ ကို တိုးတက် အောင် နှင့် ဂုဏ်သိက္ခာ ရှိအောင် ဖော်ဆောင်ရမည့် အချိန်ကာလဖြစ်ကြောင်း ကို ပြောကြားခဲ့ပါတယ်။
မိုဟ်စင်ကွမ်းမီ မှဆက်လက်ပြီး အစ္စလာမ်မစ် တော်လှန်ရေး နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ပညာရှိစီမံခန့်ခွဲ မှု ကြောင့် ကျွန်ုပ်တို့ အနေဖြင့် ဤ အကျိုးဆောင်မှုကိုပြုနေသူ (အလ်မွတ်စ်သဖွာ (ဆွ) အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် ) အတွက် ဂုဏ်ယူကြောင်း အလ်မွတ်စ်သဖွာ (ဆွ) အပြည်ပြည်ဆိုင်ရာ တက္ကသိုလ် ၏ပမာသည် မြင့်မြတ်သည့် မိသားစု ဝင်များ ကို စုပေါင်းထားသည့် အဖွဲ့အစည်း တစ်ခု ပမာဖြစ်ပြီး မိမိ၏တိုးတက်မှုကို နေ့စဉ် ကောင်းသထက်ကောင်းသည်ဘက်သို့ သွားနေသည့် အဖွဲ့အစည်း ဖြစ် ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ကြိုးပမ်း မှု၏ ရလာဒ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏အပြည်ပြည်ပြည်ဆိုင်ရာ ဌာန ၏ အကြီးအကဲ ဖြစ်သူ H.I မိုဟ်စင်ကွမ်းမီ မှဆက်လက်ပြီး ကျွန်ုပ်တို့ အနေဖြင့် မိမိတို့၏ ပညာရပ်များ ခိုင်မာ အောင်ပြုလုပ်မည် ပြီးနောက် ကောင်းမြတ်သည့် အကြောင်းအရာများ ကိုပြင်ဆင်ထားမည်ဆိုလျင် ဆိုရှယ် မီဒီယာ နှင့် ဆိုက်ဘာစပေ့ သည် ခေတ်သစ် အတွက် အစ္စလာမ် ဘာသာ နှင့် အစ္စလာမ်မစ်တော်လှန်ရေး နှင့် အလ္လာဟ်ဟို အရှင်မြတ် ၏သီးသန့် ပညာရပ်များ ကို ပြန့် ပွား အောင် ပြုလုပ်နိုင်မည့် အကောင်း တကာ အကောင်းဆုံး ပလက်ဖောင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251