အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန် ရှီအာ သတင်းဌာန ၏ သတင်းအထာက်အထား အရ အန်ဂျွန်မန် ရှရ်အီ ရှီအာယန်း ၏ ဥက္ကဋ္ဌ ဖြစ်သူ H.I အာဂါ ဆရက်ဒ် ဟစန် မူစဝီ မှ ဂျွန်မူးကက်ရှ်မီးယား ပြည်နယ် အတွင်း ဝတ်ပြု သည့်နေရာများ ကို ပိတ်စေပြီး အရက်ဆိုင်များ ကို ဖွင့်လှစ်နေသည့်အတွက် အလွန်စိုးရိမ်မိ ကြောင်း ပြောကြားခဲ့ပါတယ်။
H.I အာဂါ ဆရက်ဒ် ဟစန် မူစဝီ မှ ဂျွန်မူးကက်ရှ်မီးယား ပြည်နယ် အတွင်း တစ်ဖက်တွင် ဝတ်ပြုဆောင်များ ဝတ်ပြုသည့်နေရာများကို အဆက်မပြတ် သော့ခတ် ချိတ်ပိတ်နေပြီး စီရီနဂဲရ်ရှိ ဗဟို ဂျာမေအ်မစ်္စဂျစ်ဒ် တွင် ၃နှစ် ဆက်တိုက် သောကြာနမာဇ် များ နှင့် ငါးကြိမ် နမာဇ်များကို ပိတ်ပင်ထားကြောင်း အခြားတစ်ဖက်တွင် အစိုးရအနေဖြင့် အရက်ဆိုင်များ ဖွင့် လှစ်နေတာကို စိတ်ဝင်စားမှုရှိကြောင်း ၊ အကွက်ချ အစီအစဉ်အရ ကျွန်ုပ်တို့ ၏ မျိုးဆက်သစ် လူငယ် လူရွယ်များ ကို မူးယစ် မှု ဆိုသည့် နွံသို့ တွန်းပို့ နေကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အန်ဂျွန်မန် ရှရ်အီ ရှီအာယန်း ၏ ဥက္ကဋ္ဌ ဖြစ်သူ H.I အာဂါ ဆရက်ဒ် ဟစန် မူစဝီ မှ အစိုးရ အုပ်ချုပ်ရေး အဖွဲ့၏ ပြည်နယ်တစ်ခုလုံး အတွင်း အရက်ဆိုင်များ ဖွင့်လှစ်ရန် ကြိုးပမ်းနေမှုအား အပြင်းအထန် ကန့်ကွက် ရှုတ်ချပြီး ဤကိစ္စသည် ကက်ရှ်မီးယား ရှိ ဘာသာမရွေးလူမျိုးမရွေး မှ လက်ခံ နိုင်မည့် လုပ်ရပ် မဟုတ်ကြောင်း စိုးရိမ် ရသည့် လုပ်ရပ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး H.I အာဂါ ဆရက်ဒ် ဟစန် မူစဝီ မှ အရက်သေစာ သည် ဘာသာ ပေါင်းစုံ ဂိုဏ်းပေါင်းစုံ တို့၏ နောက်လိုက်များ ၏ အမြင်တွင် အလွန်တရ ပြစ်တင် ရှုတ်ချ ထားသည့် အရာဖြစ်ကြောင်း အရက် ၏ ဖျက်စီး မှုများ လူ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်း ကို ဖျက်စီး စေသည့်ဆိုးကျိုးများကို မည်သူမျှ မငြင်းကြကြောင်း ပြောကြားခဲ့ပါတယ်။
H.I အာဂါ ဆရက်ဒ် ဟစန် မူစဝီ မှ ဆက်လက်ပြီး အရက်သေစာ သည် မကောင်းမှု အားလုံး၏ အရင်း အမြစ်ဖြစ်ကြောင်း ပြောကြားပြီး အရက်သေစာကို ရှောင်ကြဉ် ကြရန် တိုက်တွန်း ပြောကြား ခဲ့ပါတယ်။
အရှက်အကြောက်တရား ရှိပြီး ဘာသာတရား ရှိသည့် အသိုင်းအဝိုင်းတွင် အရက်ဆိုင်များ ရှိနေခြင်း ကို လုံးဝ ခွင့် ပြု ကြမည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
H.I အာဂါ ဆရက်ဒ် ဟစန် မူစဝီ မှ ဗတ်ဒ်ဂန်မ် စင်တာအေမာမ်ဘာရာ တွင် သောကြာနမာဇ် ဝတ်ပြုသူများကို ကက်ရှ်မီးယား သည် အောင်လီယာများ ၊ ဆိုဖီများ နှင့် သာသနာပညာရှင်ကြီးများ ထွန်းပေါက်သည့် နေရာဖြစ်ကြောင်း အမြဲတစေကိုယ်ကျင့်တရား နှင့် နာမ်ပိုင်ဆိုင်ရာ အဖိုးတန် အမွေအနှစ်များ ကို ကာကွယ် စောင့်ရှောက် ခဲ့သည့် မြေဖြစ်ကြောင်း ဤဒေသတွင် အရက်ဆိုင်များ ဖွင့်လှစ် ခြင်းသည်ကျွန်ုပ်တို့၏ သန့်ရှင်းစင်ကြယ်သည့် ကိုယ်ကျင့်တရား နှင့် နာမ် ပိုင်းဆိုင်ရာ တန်ဖိုးများ ၊နာမ်ပိုင်းဆိုင်ရာ စိစစ်ပြုပြင် ခြင်းနှင့် ယဉ်ကျေးမှု ကို ထိခိုက် ပျက်စီးအောင် ထမင် ပြုလုပ်နေသည့် လုပ်ရပ် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
H.I အာဂါ ဆရက်ဒ် ဟစန် မူစဝီ မှ ဆက်လက်ပြီး ကက်ရှ်မီးယား ပြည်သူများ သည် နိုးကြားနေပြီး ရန်သူများ ၏ ယုတ်မာသည့်မသန့်ရှင်းသည် ရည်ရွယ်ချက်များ မအောင်မြင်ရန် အရေးကြီးသည့် အခန်း ကဏ္ဍ မှ ပါဝင် လှုပ်ရှား ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
****************************************************************
END / 251