၄ မတ် ၂၀၂၂ - ၂၀:၂၃
အမေရိကန် ပြည်ထောင်စု ၏ သမိုင်းသည် ရာဇဝတ်မှု များ နှင့် ပြည့်နှက်နေ / တီဟီရန် သောကြာနမာဇ် ရှေ့ဆောင်ဆရာ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တီဟီရန် မြို့ ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာ ၊ H.I အလီအက္က်ဘဲရ် မှ အမေရိကန် ပြည်ထောင်စု ၏ သမိုင်းသည် ရာဇဝတ်မှုများ နှင့် ပြည့်နှက်နေကြောင်း စသည်ဖြင့် မိန့်ကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တီဟီရန် မြို့ ၏ ဤအပတ် သောကြာနမာဇ် အား ၊ H.I အလီအက္က်ဘဲရ် မှ ရှေ့ဆောင် ဆရာ အဖြစ် ဦးဆောင် ဝတ်ပြုခဲ့ပါတယ်။ တီဟီရန် မြို့ ၏ သောကြာ နမာဇ် ရှေ့ဆောင် ဆရာ H.I အလီအက္က်ဘဲရ် မှ အမေရိကန် ၏ ရာဇဝတ်မှုများဘက်သို့ ညွှန်၍ သမိုင်း တွင် အမေရိကန် ဖန်တီး ထားသည့် အကျပ်အတည်း များ နှင့် ပြည့်နှက်နေ ကြောင်း နယ်ပယ် အသီးသီးတွင် မိမိတို့ ကိုယ်တိုင် ကြိုးကိုင် ထားနိုင်ရန် အတွက် မာဖီးယား ဂိုဏ်းများ ကို ဖွဲ့စည်း ထားကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး တီဟီရန် မြို့ ဤအပတ် သောကြာနမာဇ် ရှေ့ဆောင် ဆရာ မှ အမေရိကန် နိုင်ငံ အနေဖြင့် ကမ္ဘာ တဝှမ်းရှိ နိုင်ငံ အသီးသီးတွင် ပြဿနာမီးများ တောက်လောင်း နိုင်ရန် အတွက် နှစ်စဉ် ဒေါ်လာ တစ်ထရီလျံ ခန့် သုံးစွဲနေကြောင်း ၊သက်သေသာဓကအားဖြင့် မိမိတို့၏ ဒေသအတွင်း တွေ့မြင်နိုင်ကြောင်း အေမရိကန် အနေဖြင့် မိမိတို့ ဒေသ အတွင်း နှင့် ဒေသအပြင်တွင် စစ်ပွဲပေါင်း ၁၅၀ ကျော် ကို ဖန်တီး ခဲ့ပြီး ထောင်ပေါင်းများစွာသောသူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့ကြောင်း ဟောကြားခဲ့ပါတယ်။

တီဟီရန် မြို့ ၏ ဤအပတ် သောကြာနမာဇ် အား ၊ H.I အလီအက္က်ဘဲရ် မှ ဆက်လက်ပြီး ယူကရိန်း အခြေအနေဘက်သို့ညွှန်၍ ယူကရိန်း နှင့်ရုရှားစစ်ပွဲ ၏ နောက်ကွယ်ရှိ လက်မည်းသည်လည်း အမေရိကန် သာဖြစ်ကြောင်း အမေရိကန် နိုင်ငံ အနေဖြင့် ယူကရိန်း နိုင်ငံအား မိမိနိုင်ငံရေး ၊ စစ်ရေး ပြဿနာ တွင် ထည့်ထားကြောင်း ယူကရိန်း ကိစ္စ နှင့်ပတ်သက်ပြီး အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ရပ်တည်ချက်မှာ ပညာရှိပြီး ရှင်းရှင်းလင်းလင်း ရှိကြောင်း မိမိတို့ နိုင်ငံ အနေဖြင့် နေရာတိုင်းတွင် စစ်ဖြစ်ပွားမှုကိုဆန့်ကျင်ကြောင်း နိုင်ငံ တိုင်း၏ ပိုင်နက်ကို လေးစားကြောင်း အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် ယူကရိန်းပြဿနာ ကို ဖြေရှင်းရန် ကူညိဖို့ အသင့် ရှိ ကြောင်းကို ဟောကြားခဲ့ပါတယ်။

 

****************************************************************

END / 251