၇ မတ် ၂၀၂၂ - ၁၉:၅၉
 ထိုင်း လယ်ယာပို့ကုန်အဖွဲ့ PWO မြန်မာနိုင်ငံတွင် အခြေစိုက်မည်

ထိုင်းအစိုးရ လယ်ယာထွက်ကုန် တင်ပို့ရောင်းချရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Public Warehouse Organisation (PWO) ဟာ မြန်မာနိုင်ငံမှာ အခြေစိုက် ဂိုထောင်တစ်ခု လာရောက်ဖွင့်လှစ်ဖို့ ရှိ​နေပြီး ပို့ကုန်သွင်းကုန် အဆင်ပြေချောမွေ့စေဖို့ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ထိုင်းအစိုးရ လယ်ယာထွက်ကုန် တင်ပို့ရောင်းချရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Public Warehouse Organisation (PWO) ဟာ မြန်မာနိုင်ငံမှာ အခြေစိုက် ဂိုထောင်တစ်ခု လာရောက်ဖွင့်လှစ်ဖို့ ရှိ​နေပြီး ပို့ကုန်သွင်းကုန် အဆင်ပြေချောမွေ့စေဖို့ဖြစ်ပါတယ်။

မြန်မာဖက်က တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ ဒါဟာ ၁၉၅၅ ခုနှစ် PWO စတင် တည်ထောင်ပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံခြားမှာ အခြေစိုက်မှုဖြစ်ပါတယ်။

ဒီဂိုထောင်ဟာ ထိုင်းနိုင်ငံက တင်ပို့တဲ့ ပစ္စည်းတွေ ဖြန့်ဝေပေးရေးသာမကဘဲ၊ ထိုင်းရင်းနှီးမြှုပ်နှံသူတွေ အွန်လိုင်း စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ဈေးကွက်ရှာဖွေနိုင်ရေးကိုပါ လုပ်ဆောင်သွားမယ်လို့ PWO ဒါရိုက်တာ ကရီယန်ဆက် ပရာတီဗီဆက်က ပြောပါတယ်။

PWO ဟာ မြန်မာနိုင်ငံမှာ ပဲပုပ် စိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်သွားဖို့လည်း စီစဉ်နေပါတယ်။ ထိုင်းနိုင်ငံဟာ တစ်နှစ်ကို ပဲပုပ်တန်ချိန် ၂ သန်း၊ ပဲပုပ်ထွက် တိရစ္ဆာန်အစာ တန်ချိန် ၂ သန်း တင်သွင်းဖို့ လိုအပ်နေတာ​ ဖြစ်ပါတယ်။

****************************************************************
END / 251