၁၀ မတ် ၂၀၂၂ - ၁၉:၄၆
ကိုယ့်ပြည်တွင်းရေးကိစ္စကိုသာ အာရုံစိုက်ရန် ဩစတြေးလျကို တရုတ် တုံ့ပြန်

တရုတ်နဲ့ ရုရှားကြား ပူးပေါင်းဆောင်ရွက်မှုဟာ အာဏာဆိုင်ရာ ပဋိပက္ခကို ဖြစ်စေနိုင်တယ်လို့ ဩစတြေးလျ ထောက်လှမ်းရေး အကြီးအကဲက ပြောကြားအပြီးမှာ ကိုယ့်ပြည်တွင်းရေးကိစ္စကိုသာ အာရုံစိုက်ဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ ၉ ရက်မှာ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရုတ်နဲ့ ရုရှားကြား ပူးပေါင်းဆောင်ရွက်မှုဟာ အာဏာဆိုင်ရာ ပဋိပက္ခကို ဖြစ်စေနိုင်တယ်လို့ ဩစတြေးလျ ထောက်လှမ်းရေး အကြီးအကဲက ပြောကြားအပြီးမှာ ကိုယ့်ပြည်တွင်းရေးကိစ္စကိုသာ အာရုံစိုက်ဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ ၉ ရက်မှာ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်လိုက်ပြီးကတည်းက မဟာဗျူဟာမြောက် ပေါင်းစည်းမှုအသစ်ကို နှောင့်ယှက်တာတွေ ကြီးထွားလာခဲ့တယ်လို့ ဩစတြေးလျ အမျိုးသားထောက်လှမ်းရေးရုံး ညွှန်ချုပ် အန်ဒရူးရှီးယာရာက ပြောခဲ့တာပါ။

တရုတ်သမ္မတ ရှီကျင့်ဖျင်က အင်ဒို-ပစိဖိတ်ဒေသကို လွှမ်းမိုးဖို့နဲ့ ကမ္ဘာ့ ဦးဆောင်အင်အားကြီး နိုင်ငံအဖြစ် အမေရိကန်ကို ကျော်တက်ဖို့ အခြေစိုက်နေရာအဖြစ် သုံးဖို့ စီစဉ်နေပုံရတယ်လို့လည်း သူက ပြောပါတယ်။

ရှီယာရာရဲ့ မှတ်ချက်ကို သူ သတိမထားမိပေမဲ့ ထောက်လှမ်းရေး အကြီးအကဲဟာ နျူကလီးယားလက်နက် ဖောချင်းသောချင်း မပြန့်ပွားရေး ကတိကဝတ်ကို ဩစတြေးလျ အစိုးရက လျစ်လျူရှုထားတဲ့အချက်ကို ပိုဂရုစိုက်ဖို့ သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ပြောပါတယ်။

မနှစ်က ကြေညာခဲ့တဲ့ သုံးနိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ချက်အောက်မှာ ဩစတြေးလျဟာ အမေရိကန်နဲ့ ဗြိတိန် နည်းပညာတွေနဲ့အတူ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ၈ စီးထက်မနည်း တည်ဆောက်ဖို့ ရှိနေပါတယ်။

****************************************************************
END / 251