၁၁ မတ် ၂၀၂၂ - ၀၆:၄၂
သိပ္ပံ နှင့် နည်းပညာ ၊ ကာကွယ်ရေးစွမ်းအား ၊ ငြိမ်းချမ်းရေး ၊လုံခြုံရေး နှင့် ပြည်သူ့ သက်သာချောင်ချိရေးသည် နိုင်ငံ အတွက် ခိုင်မာသည့်လက်မောင်း ဖြစ်ပါတယ်

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ မဂ်ျလစ်စေခွဗ်ရေဂန်နေရဲဟ်ဗရ်ရီ (ခေါင်းဆောင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့) ၏ ကိုယ်စား လှယ်တော်များ နှင့်တွေ့ဆုံချိန် သိပ္ပံ နှင့် နည်းပညာ ၊ ကာကွယ်ရေးစွမ်းအား ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် ပြည်သူ့ သက်သာချောင်ချိရေးသည် နိုင်ငံ အတွက် ခိုင်မာသည့် လက်မောင်း ဖြစ် ကြောင်းမိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency သတင်း အထောက်အထားများအရ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ မဂ်ျလစ်စေခွဗ် ရေဂန်နေရဲဟ်ဗရ်ရီ (ခေါင်းဆောင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့) ၏ ကိုယ်စား လှယ်တော်များ နှင့်တွေ့ဆုံချိန် သိပ္ပံ နှင့် နည်းပညာ ၊ ကာကွယ်ရေးစွမ်းအား ၊ ငြိမ်းချမ်းရေး ၊လုံခြုံရေး ၊ သုတေသနပြုခြင်း ၊ ခိုင်မာတည်ငြိမ်သည့် နိုင်ငံရေး မူဝါဒများ နှင့် ပြည်သူ့ သက်သာ ချောင်ချိရေး သည် နိုင်ငံ အတွက် ခိုင်မာသည့် လက်မောင်း ဖြစ် ကြောင်းမိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ အကယ်၍ နိုင်ငံတော်၏ ခိုင်မာသည့်လက်မောင်းကို ဖြတ်တောက်ခွင့်ပြုလိုက် မည်ဆိုလျင် ယနေ့ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် ကြီးမားသည့်အန္တရာယ်တွင် ကျရောက်နေမည် ဖြစ်ကြောင်း မိန့် ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ်အစ္စလာမ်မီ (အစ္စလာမ်မစ်တော်လှန်ရေး အဓိပတိ ခေါင်းဆောင်ကြီး) မှ ဆက်လက်ပြီး ပြည်သူ့သက်သာချောင်ချိရေး နှင့် ဝမ်းရေး ကို အရေး တကာ အရေးအကြီးဆုံး ကိစ္စ အဖြစ် သတ်မှတ်ပြီး ပြည်သူ့လူထု ၏ ဝမ်းရေး အခက်အခဲများ ကို ဖြေရှင်းရန် အာဏာပိုင်များ အနေဖြင့် အထူး ဂရုပြု ဆောင်ရွက်ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှဆက်လက်ပြီး အီရန် ရန်သူများ နှင့် ဆော့ဖ်ဝဲလ်စစ်ပွဲ ၊ မီဒီယာ များ ၏ အီရန် နိုင်ငံနှင့်ပတ်သက်ပြီး မတရား မဟုတ်မမှန် ဘက်လိုက်မှု ကိစ္စ ဘက်သို့ ညွှန်၍ ရန်သူများ ၏ ဤတိုက်ခိုက်မှု အတွက် အစ္စလာမ် သာသနာတော်၏ မြင့်မြတ်သည့် သွန်သင်ဆုံးမချက်များ ကို အပြည့်အဝ အသုံးချရမည် ဖြစ်ကြောင်း ခေတ်မီ သည့်နည်းလမ်းများကို အသုံးပြုရမည် ဖြစ်ကြောင်းမိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရှအ်ဗန်လမြတ်၏မင်္ဂလာအချိန်သမယ နှင့် အထူးသဖြင့် ရှအ်ဗန်လမြတ် ၁၅ရက် (အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏မွေးနေ့မင်္ဂလာ ရက်) နှင့်ပတ်သက်ပြီး မိုဘာရတ်က် မိန့်ကြား၍ ရှအ်ဗန်လမြတ် ၏ ၁၅ရက်နေ့သည် သမိုင်းဝင် ဆန္ဒများ ပြည့်ဝသည့်နေ့ ၊ သန့်စင်ခြင်း နှင့်ရှင်သန်ခြင်း၏ နေ့ မြတ် ဖြစ်ကြောင်းမိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ ဆက်လက်ပြီး ရှအ်ဗန်နိုလ်မိုအဇန်းမ် လမြတ် ၏ နာမ်ပိုင်းဆိုင်ရာ ထွဋ်မြတ်မှုများ ဘက်သို့ ညွှန်၍ မိုနာဂျာသ်သေရှအ်ဗန်နီယဟ်သည် ဤလမြတ် အတွက် အရေးကြီးသည့်ဒိုအာ ဖြစ်ကြောင်း ၊ အေမာမ်ခိုမေနီ (ရ.ဟ) အနေဖြင့် ဒိုအာယေကိုမှိုင်း နှင့် မိုနာဂျာသ်သေရှအ်ဗန်နီယဟ် ၏ အထူးဂရုပြု သေလာဝသ်ပြုလေ့ ရှိကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ်အစ္စလာမ်မီ (အစ္စလာမ်မစ်တော်လှန်ရေး အဓိပတိ ခေါင်းဆောင်ကြီး) မှ ဆက်လက်ပြီး အမေရိကန် နိုင်ငံသို့မဟုတ် အခြား နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့ မှုအား ကာကွယ် နိုင်ရန် အတွက်ဆိုပြီး အလျော့ပေးနောက်ဆုတ်ခြင်းသည် အလွန်ကြီးမှားသည့်အမှား ဖြစ်ကြောင်း ကိုမိန့်ကြား၍ ရန်သူများ၏ ပိတ်ဆို့ မှု အပေါ် အာရုံ မထားနိုင်ရန် အတွက် ဆိုပြီး မိမိတို့၏ ခုခံရေးစွမ်းအား ကို အားနည်း စေပြီး ကန့်သတ်ချက် ထားခြင်းသည် ကြီးမားသည့် မိုက်မဲမှုသာ ဖြစ်ကြောင်း အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် အချို့ ပုဂ္ဂိုလ်များ ၏ ဤကဲ့သို့မိုက်မဲသည့် လမ်းကြောင်း အား လက်ခံ ခဲ့မည့် ဆိုလျင် ယနေ့ အီရန်နိုင်ငံ သည် အလွန်ကြီးမားသည့် အန္တရာယ်တွင်းတွင် ကျရောက်နေမည် ဖြစ်ကြောင်း သို့သော် အလ္လာဟ်ဟိုအရှင်မြတ် ၏ အကူအညီ အဖေးအမဖြင့် ဤမိုက်မဲသည့်လမ်းကြောင်းကို အီရန် နိုင်ငံ အတွက် အကောင်အထည် မဖော်နိုင်ခဲ့ကြကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ အီရန် အစိုးရ အာဏာပိုင်များ နှင့် ပါလီမန် ၏ စည်းမျည်းစည်းကမ်း အရ လုပ်ဆောင်ရန် နှင့် ပါလီမန် အား အစိုးအာဏာပိုင်များ ၏ လက်တွေ့ အကောင်အထည်ဖော်နေသည့် ကိစ္စများတွင် ဝင်ရောက် စွက်ဖက် ခြင်းမပြုကြရန် မေတ္တာရပ်ခံကြောင်း ၊ အစ္စလာမ်မစ်စနစ် ၏ အင်အား နှင့် ကြံ့ခိုင်မှုသည် အမှန်တကယ် အမျိုးသားရေး ခွန်အား နှင့် အင်အား ဖြစ်ကြောင်း အမျိုးသားရေးခွန်အားနှင့်အင်အား ကို အားနည်း အောင်မပြုသင့်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ပြီးနောက် ရဲဟ်ဗရ် အင်န်ကေလာဗ်အစ္စလာမ်မီ မှ ဂျေဟာဒ် ( တိုးတက်ဖွံ့ဖြိုးအောင်ကြိုးပမ်းမှု) ကိစ္စ များ ကို ရှင်းပြ မိန့်ကြားပြီး ကြီးမားသည့် ဘတ်ဂျက်၏ခွင့်ပြု မှုကိစ္စ အား အပြင်းအထန် ဝေဖန် ပြီး ကျွန်ုပ်တို့ အနေဖြင့် ရန်သူ ၏ အကြံအစည်များ ၊ကောက်ကျစ်မှုများကို ရင်ဆိုင် နိုင်ရန် အတွက် အစ္စလာမ် သာသနာတော်၏ မြင့်မားသည့် သွန်သင်ချက်များကို အသုံးပြု ရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ မှ မဂ်ျလစ်စေခွဗ် ရေဂန်နေရဲဟ်ဗရ်ရီ (ခေါင်းဆောင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့) အား အစ္စလာမ်မစ် စနစ် ၏ အရေးကြီးသည့် မဏ္ဍိုင် တစ်ခု ဖြစ်ကြောင်း သတ်မှတ် မိန့်ကြားပြီး အစ္စလာမ်မစ် စနစ်နှင့် ပတ်သက် ဆက်နွယ်နေသည့် ဌာနများအားလုံးကို စည်းမျည်းစည်းကမ်း၊ဥပဒေ များ အရ လုပ်ဆောင်ရမည် ဖြစ်ကြောင်း စည်းမျည်းစည်းကမ်း၊ဥပဒေ များ အရ လုပ်ဆောင် ခြင်းသည် လူ့ အဖွဲ့အစည်း နှင့် လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း အတွက် ကောင်းကျိုး သက်ရောက်မှုကို ဖြစ်ထွန်းစေကြောင်း မိန့်ကြားခဲ့ပါတယ်။

 

****************************************************************

END / 251